Main menu

Background

ကန်ပိုက်တီး ကူးသန်းရောင်းဝယ်ရေး နယ်စခန်း၏ (၃/၂၀၁၃)ကြိမ်မြောက် ကုန်သွယ်မှုမြှင့်တင်ရေး ဆိုင်ရာအစည်းအဝေးကျင်းပ

Mon, 04/08/2013 - 15:14 -- ydnar

ကန်ပိုက်တီး ကူးသန်းရောင်းဝယ်ရေးနယ်စခန်း၏ ၃/၂၀၁၃ ကြိမ်မြောက် ကုန်သွယ်မှုမြှင့်တင် ရေးအစည်းအဝေးကို ၂၀၁၃ ခုနှစ် မတ်လ ၂၂ ရက် ၁၃း၀၀ နာရီ၌ ကန်ပိုက်တီးကူးသန်းရောင်းဝယ် ရေးနယ်စခန်းအစည်း အဝေးခန်းမ၌ ကျင်းပခဲ့သည်။

အဆိုပါအစည်းအဝေးသို့ ကန်ပိုက်တီးကူးသန်းရောင်းဝယ်ရေးနယ်စခန်းမှ OSS ဌာနဆိုင်ရာ အသီးသီးမှတာဝန်ရှိ သူများ၊ နယ်မြေခံ (၁၀၀၃) နယ်ခြားစောင့်တပ်မှ တာဝန်ရှိသူများ၊ မြို့နယ်ခွဲ အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာနမှူးနှင့် ဆက်စပ်ဌာနဆိုင်ရာများ၊ ကန်ပိုက်တီးကူးသန်းရောင်းဝယ်ရေး ကုန် သည်ကြီးများအသင်းဥက္ကဌနှင့် ကုန်သည်လုပ်ငန်းရှင်များတက်ရောက်ကြပြီး အစည်းအဝေး၌ ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်အတွင်း ပို့ကုန်၊ သွင်းကုန် ကုန်သွယ်မှုပမာဏလျာထားချက်များအပေါ် အကောင် အထည်ဖော်ဆောင်ရွက်ပြီးစီးမှု အခြေအနေများ၊ ပို့ကုန် သွင်းကုန်လုပ်ငန်းများ ဆောင်ရွက်ရာတွင် ကုန်သွယ်မှုလျင်မြန်စွာချောမွေ့စေရေး၊ နိုင်ငံတော်မှပြောင်း လဲဆောင်ရွက် လျက်ရှိသည့် ပို့ကုန်သွင်း ကုန်လုပ်ငန်းများတွင် လိုင်စင်ပြုလုပ်ရန်မလိုဘဲ တင်ပို့တင်သွင်းခွင့်ပြုလျက်ရှိ သည့် အခြေအနေများ၊ တစ်ဦးတည်းပိုင် ပို့ကုန်သွင်းကုန်လက်မှတ်ထုတ်ပေး ဆောင်ရွက်မည့်အခြေအနေများ၊ ကုန်သည်လုပ်ငန်း ရှင်များလုပ်သာကိုင်သာရှိစေရေးနိုင်ငံတော်မှ ဖြေလျှော့ပေးမှု အခြေအနေများအပေါ် ကုန်သည်လုပ် ငန်းရှင်များမှ သိရှိနားလည်ပြီး နိုင်ငံတော်အပေါ်သစ္စာရှိရှိ အလုပ်အကျွေးပြုရန်နဲ့ မှန်ကန်တဲ့ ကုန်သွယ် မှုလမ်းကြောင်းပေါ်၌သာ လျှောက်လှမ်းဆောင်ရွက်ရမည့်ကိစ္စရပ်များ၊ ကုန်သွယ်မှုလမ်းကြောင်းတစ် လျှောက်ရှိ တရားမဝင်ငွေကြေးကောက်ခံနေသည့် ကိစ္စများအပါအဝင် ကုန်သွယ်မှုဆိုင်ရာ ကိစ္စများအား ဆွေးနွေး ညှိနှိုင်းခဲ့ကြောင်း သတင်းရရှိပါတယ်။                                ကသရ (ကပတ)