ကလေးနေကြာများ စတင်ပေါ်ပြီ
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့နယ်မှ ၂၀၁၂-၁၃ ဆောင်းသီးနှံနေကြာစိုက်ပျိုးရန် ရာထားဧက ၃၈၀၀၀ ခန့်က အမှန်စိုက်ဧက ၄၅၀၀၀ ကျော် စိုက်ပျိုးခဲ့လို့ လျာထားချက်အပေါ် ၁၂၀ ရာခိုင်နှုန်း စိုက်ပျိုးနိုင်ခဲ့ပါတယ်။ နေကြာကို မိုးနေကြာနဲ့ ဆောင်းနေကြာဆိုပြီး၊ တစ်နှစ်ကို နှစ်ကြိမ်စိုက်ပျိုးကြ ပါတယ်။ ဆောင်း စိုက်နေကြာများက ဖေဖော်ဝါရီ၊ မတ်၊ ဧပြီလများမှာ ထွက်ပေါ်ကြပါတယ်။ နေကြာစိုက်ပျိုးခြင်းမှာ ကုန်ကျစရိတ် အသက်သာဆုံးသီးနှံဖြစ်ပြီး၊ တစ်ဧကကုန်ကျ စရိတ် ၆၅၀၀၀ ကျပ်၊ ၇၀၀၀၀ ကျပ်သာကုန်ကျပြီး၊ တစ်ဧက အထွက်နှုန်းမှာ နေကြာ ၂၅ တင်းမှ ၂၇ တင်းကြားထွက်ရှိကြောင်း၊ တောင်သူတစ်ဦးက ပြောပါတယ်။ စိုက်ပျိုးတဲ့မျိုး များကတော့ ဆန်ဖိုလာ၊ ဆင်းရွှေကြာ (၂) ၊ ဆင်းရွှေကြာ (၃)၊ ရေဆင်းစပ်မျိုး (၁) မျိုးများကို စိုက်ပျိုးကြပါတယ်။ ယခုနှစ် မိုးနှောင်း မိုးရွာသွန်းမှုနည်းခဲ့လို့ အချို့နေကြာများ ဆီထွက်နည်းတာကြောင့် ဆီစက်များမှ ဝယ်ယူ မှုနည်းနေကြောင်း သိရပါတယ်။ ကလေးမြို့ဈေးကွက်မှာ မတ်လ ၁၉ ရက် နေကြာတစ်တ င်းပေါက်ဈေးမှာ ၇၅၀၀ ကျပ်၊ နေကြာဆီတစ်ပိဿာ ၂၄၀၀ ကျပ်၊ ၂၈၀၀ ကျပ်ရှိကြောင်းသိရပါတယ်။ သန်းသန်းတင်-ကလေး
