မန်းသီရိမာလာဈေးကွက် မှာဈေးကောင်းရတဲ့ ပြင်ဦးလွင် ပန်းမုန်လာ

ယခုမတ်လ တတိယပတ် သီရိမာ လာဈေးကြီးထဲကိုဝင်တဲ့ ဟင်းသီးဟင်း ရွက်တွေထဲက ဘိုစားပဲသီး၊ ခါကြက်ဥ၊ ဂေါ်ရခါးသီးတွေကတော့ အရင်ပတ် ထက်အဝင်ပိုခဲ့ပြီး မုန်လာဥ၊ ဂေါ်ဖီ၊ မုန်ညင်း၊ ပန်းမုန်လာ၊ ခရမ်းချဉ် သီးတွေ ကတော့ အဝင်နည်းခဲ့ပါတယ်။ မုန် ညင်းနဲ့ ဂေါ်ဖီတွေဟာ အဝင်နည်း တာ ကြောင့် ဈေးနည်း နည်း ကောင်းလာ တယ်။

ဒီတစ်ပတ် ဘိုစားပဲသီးတွေကတော့ ကြားရက်မှာ တစ်ပိဿာ ၁၀၀၀ ကျပ် ထိရှိခဲ့တယ်။  နောက်ပိုင်းရက်များ မှာ တော့ ပြင်ဦးလွင်ကဝင်လာတာကြောင့် ဈေးပြန်အေးလာတယ်။  ပန်းမုန်လာ ကတော့ ပြင်ဦးလွင်က ပန်းမုန်လာတွေ ဟာ လှတယ်။  ကြီးတဲ့အတွက် ဈေး ကောင်းရတယ်။ မြေပြန့်ကတော့ အလှ နည်းတာကြောင့် ဈေးအရနည်းတယ် လို့ သိရပါတယ်။ ဒီတစ်ပတ်ဈေးကြီးမှာ ရောင်းချနေတဲ့ ဈေးတွေကတော့ မုန် လာဥ တစ်တွဲ ၁၅၀ ကျပ်၊ ၃၀၀ ကျပ်၊ ၃၅၀ ကျပ်၊ ဂေါ်ဖီတစ်ထုပ် ၁၅၀ ကျပ်၊ ၃၀၀ ကျပ်၊ မုန်ညင်း တစ်ပိဿာ ၄၀၀ ကျပ်၊ ၅၀၀ ကျပ်၊ ဘိုစားပဲသီး တစ် ပိဿာ ၇၀၀ ကျပ်၊ ၈၀၀ ကျပ်၊ မြေ ပြန့်ပန်းမုန်လာ တစ်ထုပ် ၁၅၀ ကျပ်၊ ပြင်ဦးလွင် ပန်းမုန်လာတစ်ထုပ် ၃၅၀ ကျပ်၊ ခါကြက်ဥ တစ်ပိဿာ ၃၅၀ ကျပ်၊ ၄၅၀ ကျပ်၊ ဂေါ်ရခါးသီး တစ်လုံး ၈၀ ကျပ်၊ ၁၀၀ ကျပ်၊ ခရမ်းချဉ်သီး ထိုင်ဝမ်တစ်ပိဿာ  ၂၀၀ ကျပ်၊ ၂၅၀ ကျပ်ဈေးတွေနဲ့  ဒီတစ်ပတ်မှာလည်း သီးနံှစုံ ရောင်းကောင်းတယ်လို့ သိရ ပါတယ်။  
အေးအေးတင့်-မန္တလေး