Main menu

Background

ဝယ်လိုအားမြင့်မားလာတဲ့အတွက် ထိုင်းသားရေလုပ်ငန်း အဆင့်မြင့်ဖို့တိုက်တွန်း

Mon, 04/08/2013 - 15:35 -- ydnar

သားရေ ရောင်းလိုအား ကျဆင်း လာတဲ့အတွက် လွန်ခဲ့တဲ့နှစ်နှစ်အတွင်း ပြည်တွင်းသားရေဈေးနှုန်းများ ၂၅၀ ရာခိုင်နှုန်းအထိမြင့်တက်လာပြီးနောက် မြင့်တက်လာတဲ့ဈေးနှုန်းနဲ့ ကိုက်ညီဖို့ အတွက် ထိုင်းပြည်တွင်း သားရေနယ် လုပ်ငန်းရဲ့ထုတ်လုပ်မှုနည်းစဉ် တိုးတက် အောင်ဆောင်ရွက်ဖို့ လိုအပ်လာပါ တယ်။ ဆားနယ်သားရေစိမ်းက ၂၀၁၀ ပြည့်နှစ်မှာ တစ်ကီလိုဂရမ်ကို ဘတ် ၂၀ နဲ့ ယခင်နှစ်ကုန်က ၄၈ ဘတ်ရှိရာ မှ ယခုနှစ်ကုန်မှာ ၅၈ ဘတ်ရှိခဲ့ကြောင်း ထိုင်းသားရေလုပ်ငန်းအဖွဲ့ဥက္ကဌဆွန်ကီ ယက်ဘွန်ကော့ပန်နာရိုင်က ပြောပါ တယ်။ လောလော ဆယ်မှာ သားရေ ရောင်းလိုအားကဝယ်လိုအားရဲ့ ထက် ဝက်သာရှိခဲ့ပါတယ်။ ဖိနပ်မှအပ ထိုင်း နိုင်ငံကသားရ ထုတ်ကုန်များရဲ့ တင်ပို့ မှုကဘတ်ဘီလီယံ ၃၀ ရှိပြီး ထိုင်းနိုင်ငံ သားရေ အသုံးရဲ့ ၈၀ ရာခိုင်နှုန်းကို ပြည်ပမှ တင်သွင်းနေပါတယ်။

"သားရေပြတ်လပ်တာကိုဖြေရှင်း ဖို့အတွက် ထုတ်လုပ်သူတွေက ပိုလီဗီ နိုင်းကလိုရိုက်လို အစားထိုး ပစ္စည်းတွေ ကိုအစားထိုးသုံးပြီး သားရေကိုအသုံး နည်းလာပါတယ်" လို့ Sky Leather Co.  ရဲ့ အတိုင်ပင်ခံလည်းဖြစ်သူ မစ္စ တာဆွမ်ကီယက်က ပြောပါတယ်။ ဖိနပ်နဲ့လက်ကိုင်အိပ်အမျိုးမျိုး ပြု လုပ်သူတွေက အမြတ်များများရထား တဲ့အလုပ်တွေဖြစ်တဲ့အတွက် သားရေ ဈေးနှုန်းမြင့်တက်တာကို စိတ်မပူကြ ပါဘူး။ ဒါပေမဲ့ သိုလှောင်လက်ကျန် အဟောင်းတွေကိုသာသုံးနေရတဲ့ သား ရေနယ်လုပ်ငန်းတွေက မြင့်တက်လာ တဲ့ဈေးနှုန်းကိုထေမိဖို့အတွက် ထုတ် လုပ်မှုစွမ်းဆောင်ရည်နဲ့ စွမ်းအင်ကို တိုး တက်အောင်ဆောင်ရွက်ဖို့ စဉ်းစားနေရ ပါတယ်။ တရုတ်နိုင်ငံလိုနေရာတွေက ဝယ်လိုအားမြင့်တက်နေဆဲဖြစ်တဲ့ အတွက် MPJ Enterprise က တန် ဖိုးမြှင့်ထုတ်ကုန်တွေကို ထုတ်လုပ်ဖို့ ဓါတုဗေဒနည်းပညာတွေ အသုံးပြု ဆောင်ရွက်နေရပါတယ်။ နေ့စားလုပ်ခကိုလည်း တစ်ရက် ဘတ် ၃၀၀ ဖြစ်နေတဲ့အတွက် လုပ်သား တစ်ဦးတစ်လကို ဘတ် ၁၀၀၀၀ လောက်ပေးနေရပြီး အလုပ်သမားစ ရိတ်ကထုတ်လုပ်မှုစရိတ်ရဲ့ ၄၂ ရာခိုင် နှုန်းထိရောက်ရှိနေပါတယ်။