Main menu

Background

တရုတ်သစ်သီးတွေကို ဗီယက်နမ်က ငြင်းပယ်

Mon, 04/08/2013 - 15:38 -- ydnar

ဗီယက်နမ်ဈေးကွက်မှာ ရောင်းနေ တဲ့တရုတ်သစ်သီးတွေကအမြင်လှပေ မဲ့ ကြာရှည်ခံအောင်ထိန်းသိမ်း တဲ့ပစ္စည်း တွေနဲ့ပိုးသတ်ဆေးအကြွင်းအကျန်တွေ က အသေအလဲ ကြောက်စရာကောင်း လောက်အောင်ပါ ဝင်နေကြောင်း အင် တာနက်နဲ့နိုင်ငံတော်မီဒီယာတွေမှာ ဖော်ပြထားပါတယ်။ ဒီသတင်းကြောင့် ဈေးဝယ်သူတွေက သွင်းလာတဲ့သစ်သီး အားလုံးအန္တရာယ်ရှိနိုင်တယ်လို့ သို့မ ဟုတ်မှားဝယ်မိလိမ့်မယ်ဆိုတဲ့ စိုးရိမ်စိတ် နဲ့ ပြည်ပကတင်သွင်းလာတဲ့သွင်းကုန် မှန်သမျှကို အဝယ်ရပ်သွားပါတယ်။ တရုတ်နိုင်ငံကသစ်သီးနဲ့ဟင်းသီးဟင်း ရွက်တင်ပို့ရာမှာ ကမ္ဘာ့ရှေ့ဆောင်ပို့ကုန် နိုင်ငံဖြစ်ပါတယ်။ အာရှဈေးကွက်တွေ မှာ အမေရိကန်ထုတ်လုပ်သူတွေ ဆီက နေဈေးကွက်ဝေစုကိုတစစတိုးပြီးဆွဲယူ လာနိုင်ခဲ့ပါတယ်။ တရုတ်နိုင်ငံက တခြားနိုင်ငံတွေထက် ပန်းသီးကိုပိုမို စိုက်ပျိုးထုတ်လုပ်ပါတယ်။ ဗီယက်နမ် က ဘယ်လောက်တင်သွင်းတယ်ဆိုတဲ့ စာရင်းမရှိပါဘူး။ တရုတ်နိုင်ငံ သစ်သီး တွေကဗီယက်နမ်ကသစ်သီးတွေထက် ဈေးသက်သာပြီးအမျိုးအစားလည်းများ ပါတယ်။ သူ့ရဲ့စီးပွားရေးလုပ်ငန်းက ပြည်ပ ကသစ်သီးတင်ပို့ခဲ့တာ ၂၀၁၁ ခုနှစ်မှာ ဒေါ်လာ ၁၁ သန်းဖိုးရှိပေမဲ့ ယခုဒေါ် လာ ၆ သန်းဖိုးပဲရှိတော့ကြောင်း ဗီ ယက်နမ်ရဲ့သစ်သီးတင်ပို့မှုအများဆုံး လုပ်ငန်းဆောင်ရွက်နေသူ ဂျက်ငုယင် ကပြောပါတယ်။ ဗီယက်နမ်ရဲ့ စီးပွား ရေး နှေးကွေး ကျဆင်းမှုကလည်းအ ကြောင်းတစ်ချက်အဖြစ်ပါ ဝင်ကြောင်း ဈေးကွက်ထဲမှာရှိတဲ့ တခြားကုန်သည် တွေကပြောပါတယ်။ ဒါပေမဲ့ အဆိပ် သင့်အသီးတွေအကြောင်း မီဒီယာသ တင်းတွေကြောင့်လည်း တရုတ်နိုင်ငံက သွင်းကုန်တွေမသုံးတော့တဲ့ သူ့လို စီး ပွားရေး လုပ်ငန်းတွေကို ပါလည်မျိုညှစ် သလိုဖြစ်နေကြောင်း သူကပြစ်တင် ပြောဆိုနေပါတယ်။ ကွန်ပျူတာဂိမ်းတွေနဲ့အင်တာ နက်ချက်ပရိုဂရမ်တွေရောင်းတဲ့တရုတ် ကုမ္ပဏီတွေကလည်း တရုတ်ဆန့်ကျင် ရေးလှုပ်ရှားသူတွေရဲ့ အင်တာနက်က သပိတ်မှောက်တာကို ခံနေရပါတယ်။ နယ်စပ်စစ်ပွဲတွေအဆုံးသတ် သွား ပြီး ၁၉၉၁ ခုနှစ်နောက်ပိုင်းမှာနှစ်နိုင်ငံ ပုံမှန်ဆက်သွယ်ရေး စတင်ခဲ့ကတည်းက နှစ်နိုင်ငံစီးပွားရေးဆက်ဆံမှုတိုးတက်ခဲ့ ပါတယ်။