Main menu

Background

ပင်နာဆိုးနစ်က တီဗွီထုတ်လုပ်မှုကို လျှော့ချမည်

Mon, 04/08/2013 - 15:39 -- ydnar

စီးပွားရေးရှင်သန်ဖို့ အလူးအလဲ ရုန်းကန်နေရတဲ့ ဂျပန်အီလက်ထရွန် နစ်ကုမ္ပဏီကြီးပင်နာဆိုးနစ်က သူရဲ့ တယ်လီဗွီးရှင်းထုတ်လုပ်မှုကိုလျှော့ချပြီး ပလာစမာတီဗွီထုတ်လုပ်မှုလုပ်ငန်းကို ရပ်ဆိုင်းထားတော့မှာဖြစ်ကြောင်း မတ် ၁၈ ရက်ကထုတ်ဝေတဲ့သတင်းတစ်ခုမှာ ဖေါ်ပြထားပါတယ်။ ကုမ္ပဏီရဲ့ နှစ် လည်စီးပွားရေး စီမံချက်ကို မတ် ၂၈ ရက်မှာ ထုတ်ပြန်ဖို့ ရှိပါတယ်။ လာမဲ့ ဘဏ္ဍာနှစ် ဧပြီကစပြီး သုံးနှစ်တာကာ လအတွင်းတီလီဗွီးရှင်းထုတ်လုပ်တာကို သိသိသာသာလျှော့ချသွားဖို့ စီစဉ်ထား ကြောင်း စီးပွားရေးနေ့စဉ်သတင်းစာ နီကေးမှာဖေါ်ပြထားပါတယ်။ ဂျပန် နိုင်ငံအနောက်ပိုင်း အမာဂါဆာကီမှာ ရှိတဲ့ ပင်မစက်ရုံမှာ ပလာစမာတီဗွီထုတ် လုပ်တာကို ၂၀၁၄ ခုနှစ်လောက်မှာ ပင်နာဆိုးနစ်ကရပ်ဆိုင်းထားဖို့ ရည်ရွယ် ကြောင်းသတင်းမှာဖော်ပြထားပါတယ်။ အဲဒီစက်ရုံမှာရှိတဲ့ အဆောက်အအုံသုံး ခုထဲကကုန်ထုတ်လုပ်မှုယန္တရားတွေကို ၂၀၁၁ ခုနှစ်ဘဏ္ဍာရေးနှစ်ကတည်းက စာရင်းကနေပယ် ဖျက်ထားပြီးဖြစ်ပါတယ်။

အလားတူသတင်းကို ဂျီဂျီသတင်း မှာလည်းဖော်ပြထားပါတယ်။ ယူမီယူရီ ရှင်ဘွန်းသတင်းစာမှာတော့ ပင်နာဆိုး နစ်ကသူရဲ့ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းတွေကိုလည်း ရပ်ဆိုင်းပြီးသူ့ရဲ့ ကျန်းမာရေးစောင့်ရှောက်မှုယူနစ်နဲ့ အဆောက်အအုံတွေကို ရောင်းချထား ပြီး ဖြစ်ကြောင်း ဖော်ပြထားပါတယ်။ ဖလက်တီဗွီတွေဝယ်လိုအားကျဆင်းမှုက ရောင်းလိုအားကျဆင်းအောင်တွန်း အားပေးခဲ့တဲ့အတွက် ၈ ဒသမ ၈ ရာ ခိုင်နှုန်းကျဆင်းပြီးရောင်းရငွေ ယန်း ၅ ဒသမ ၄၄ ထရီလီယံရခဲ့ကြောင်းသ တင်းတွေမှာဖေါ်ပြထားပါတယ်။ ယခု အချိန်ထိဘာကိုမှဆုံးဖြတ်ချက်မချနိုင် သေးပေမဲ့ စီးပွားရေးလုပ်ငန်းမဟာဗျူ ဟာအတွက်ဆက်လက်ဆွေးနွေးနေ တယ်လို့ပြောပါတယ်။