ပေကျင်း ဖေဖော်ဝါရီအတွင်းက အတိုး နှုန်း ကျဆင်းနေရာမှလျင်မြန်စွာ တိုးတက်လာပြီးနောက်တရုတ်နိုင်ငံရဲ့ ကုန်ထုတ် လုပ်ငန်းတွေ မတ်လမှာ ပြန်လည် တိုးတက်လာကြောင်း ဟောင်ကောင်ရှန်ဟဲ ဘဏ်လုပ်ငန်း ကော်ပိုရေးရှင်း(HSBC) က မတ် ၂၁ ရက်နေ့က ပြောပါတယ်။(HSBC) ရဲ့ ဝယ်ယူသူမန်နေဂျာများ အညွှန်းကိန်းက မတ်လမှာ ၅၁ ဒသမ ၇ မှတ်ရှိခဲ့ပါတယ်။ ဖေဖော် ဝါရီက ၅၀ ဒသမ ၄ ရှိရာမှ မြင့် တက်လာတာ ဖြစ်ပါတယ်။
တိုကျို ဂျပန်နိုင်ငံပစိဖိတ် ပင်လယ် ကြမ်းခင်းတွင် ရှားပါး သတ္တုမြေ ကြွယ်ဝတဲ့ သိုက်တစ်ခုကို တွေ့ရှိ ထားပြီး ဖြစ်ကြောင်းနဲ့ အဲဒီသတ္တု သိုက်က တရုတ်အရန် သတ္တုမြေ ပမာဏထက် အဆ ၃၀ ပိုမို များပြား ကြောင်း ဂျပန်သုတေသီတို့က မတ် ၂၁ ရက်နေ့က ပြောပါတယ်။ ရေ အောက်အနက်မီတာ ၅၈၀၀ အောက် ကရယူထားတဲ့ ရွှံ့နမူနာ တွေအရအဖိုးတန်သတ္တုတွေ အများ အပြားပါဝင်တာ တွေ့ရပြီး အဆင့် မြင့် နည်းပညာပစ္စည်း ထုတ်လုပ်မှု မှာ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။
နယူးဒေလီ အိန္ဒိယနိုင်ငံက မြန်နှုန်းမြင့်တယ် လီကွန် ကွန်ရက်အတွက် ရင်းနှီး မြှုပ်နှံမှု မရှိတဲ့အတွက် အင်တာနက် ရဲ့စွမ်းအင်ကို ထိန်းချုပ်ရာမှာ နောက် ကျကျန်ခဲ့ကြောင်း ဂူးဂဲဥက္ကဌ အီရစ် ရှမစ်က ပြောပါတယ်။ အိန္ဒိယ လူဦး ရေ ၁ ဒသမ ၂ ဘီလီယံထဲက လူဦး ရေ သန်း ၁၅၀ သာ အင်တာနက်ကို ဆက်သွယ်ဆောင်ရွက်နိုင်ရခြင်းမှာ အစိုးရကဆော့ဖ်ဝဲကြီးတွေ တီထွင် နိုင်တာကို ကျေနပ်နေလို့ ဖြစ်မယ်လို့ သူကခန့်မှန်းပါတယ်။
ဝါရှင်တန် အမေရိကန်ပြည်ထောင်စုမှာ အလုပ်လက်မဲ့အကျိုးခံစားခွင့်အသစ် တောင်းဆိုတာတွေက ယခင် ရက် သတ္တပတ်ထဲမှာ အနည်းငယ်မြင့် တက်လာပါတယ်။ ဒါပေမဲ့ ငါးနှစ် အတွင်းမှာရှိခဲ့တဲ့ အနိမ့်ဆုံး အဆင့် နားမှာပဲရှိတာကို မတ် ၂၁ ရက်က ထုတ်ပြန်တဲ့ သတင်းတွေအရ သိရပါ တယ်။ကနဦးအလုပ်လက်မဲ့ ခံစားခွင့် တောင်းဆိုသူဦးရေက မတ် ၁၆ ရက်မှာကုန်ဆုံးတဲ့ ရက်သတ္တပတ်အ တွင်းမတိုင်မီရက်သတ္တပတ်ကထက် ၂၀၀၀ ပိုမိုပြီး ၃၃၆၀၀၀ ဦးထိရှိခဲ့ပါ တယ်။