Main menu

Background

ဈေးငြိမ်သော်လည်း အရောင်းအဝယ်အေးတဲ့ မန်းပဲယင်း

Tue, 04/09/2013 - 10:26 -- ydnar

မန္တလေးမြို့ ပဲ၊ ပြောင်း၊ နှမ်းကုန်စည်ဒိုင်(ပွဲစား၊ ကုန်သည်၊ စက်ပိုင်များကထိန်တော်အသင်း)မှာ နှစ်စဉ် ပဲယင်းတန်ချိန် တစ်သောင်းငါးထောင်ကျော် ဝယ်ယူသိုလှောင်ဖြန့်ဖြူးရောင်းချနေပါတယ်။ပဲယင်းကို မတ္တရာ၊စဉ့်ကူး ၊ တံတားဦး၊ မြို့သာ၊ ငါန်း ဇွန်၊ချောင်းဦး၊မုံရွာ၊ပခုက္ကူ၊မကွေး၊ ချောက်၊ ရေနံချောင်းစတဲ့ ဒေသများမှ ဝယ်ယူရရှိ ပါတယ်။ ပြည်တွင်းစားသုံးသူများ အတွက် ဝယ်ယူမှုအပြင် ပြည်ပ(တရုတ်)ကိုလည်း တင်ပို့ရောင်းချလျက် ရှိပါတယ်။

ယခုနှစ် မတ်လနောက်ဆုံးအပတ်မှာ ယခင်လနဲ့ နှိုင်းယှဉ်လိုက်ရင် ဈေးနှုန်းသိသိသာသာ ပြောင်းလဲမှု မရှိသော်လည်း အရောင်းအဝယ်အနည်းငယ်အေးပါတယ်။ယခုအပတ်မှာ ပဲယင်းတစ်ပိဿာ ၅၅၀ ကျပ် (တစ်တန် ၃၃၆၈၁၅ ကျပ်)နဲ့ နေ့စဉ် ၆၀ ပိဿာ အိတ် ၃၀၀ မှ ၄၀၀ ကြား အရောင်းအဝယ်ဖြစ်ခဲ့ပါတယ်။ ပြည်ပ(တရုတ်) ဝယ်လိုအားရှိပေမယ့် ပြည်တွင်းမှ ရောင်းလိုအားနည်းပါးကြောင်း၊ အခြားပဲ (ပဲတီစိမ်း၊ မတ်ပဲ၊ ကုလားပဲ၊ ပဲစင်းငုံ)တွေလို ပြည်ပဈေးကွက် ခိုင်ခိုင်မာမာ ကြီးကြီးမားမားမရှိတာကြောင့် စိုက်ပျိုးထုတ်လုပ်သူနဲ့ ကုန်သည်ပွဲစားများ စိုက်ဧကများစွာစိုက်ပျိုးခြင်း၊သိုလှောင်ထားမှုမရှိလို့ ရောင်းဝယ်မှု ပမာဏနည်းပါးခြင်းကြောင့်  ကုန်သည်ပွဲစားတစ်ဦးမှ ပြော ကြားပါတယ်။                                                                                 စိုးအောင် - မန္တလေး