Main menu

Background

ဟိုပုံးဈေးကွက် ချင်းအရောင်းအဝယ်အေး

Tue, 04/09/2013 - 10:33 -- ydnar

ဒီတစ်ပတ်ဟိုပုံးချင်းဈေးကွက်မှာ ချင်းစိုတစ်ပိဿာ ၁၅၀ ကျပ်မှ ၂၅၀ ကျပ်ထိ ဈေးရှိပါတယ်။ ချင်းခြောက်ကတော့ တစ်ပိဿာ ၁၁၀၀ ကျပ်ဈေးရှိပါတယ်။ ဟိုပုံး ဈေးကွက်မှာ ပစ္စည်းလက်ကျန်အတော်နည်းသွားပြီလို့ သိရပါတယ်။ ဒီတစ်ပတ်မှာ အရောင်းအဝယ်လည်းအေးနေပါတယ်။ အချို့တောင်သူများကလည်း ချင်းခြောက် လုပ်ဖို့ ချင်းအညံ့ စတွေကို ဝယ်ပြုတ်နေကြပါတယ်။ ချင်းခြောက်လုပ်ဖို့အတွက် ချင်းစို ၅ ပိဿာပြုတ်မှ တစ်ပိဿာလောက်ထွက်လို့ အညံ့စတွေဝယ်ပြုတ်မှ ဈေး ကိုက်တာကြောင့်အညံ့စတွေပဲ အရောင်းအဝယ်ဖြစ်နေပါတယ်။ ဟိုပုံးချင်းမှာ ဒီနှစ် အထွက်နဲ့ လက်ကျန်လည်းနည်းတဲ့အတွက် အရောင်းအဝယ်ကထင်သလောက် မဖြစ်ဘူးလို့သိရပါတယ်။ ရန်ကုန်ကိုအနည်းအကျဉ်းသာအရောင်းအဝယ်ဖြစ်ခဲ့တယ် လို့ သိရပါတယ်။

အောင်ပန်းဈေးကွက် ချင်းကတော့ တစ်ပိဿာ ၂၅၀ ကျပ်မှ ၃၅၀ ကျပ်ထိ ဈေးရှိနေပါတယ်။ ချင်းခြောက် ကတော့ တစ်ပိဿာ ၁၁၀၀ ကျပ်ဈေးရှိပါတယ်။ တစ်ပတ်အတွင်း အရောင်းအဝယ်ကတော့ ပုံမှန်အရောင်းရှိနေပြီး၊ တရုတ်ဝယ်လက် အော်ဒါအနည်းငယ်ရှိတာကြောင့် ပိဿာချိန် ၈၀၀၀၀ ခန့် အရောင်းအဝယ် ဖြစ် တယ်လို့ သိရပါတယ်။                           စောယုထွေး - တောင်ကြီး