Main menu

Background

ရန်ကုန်တွင် ဒီဇယ်ဈေးကျလာသော်လည်း ဓာတ်ဆီဈေး အနည်းငယ်မြင့်

Tue, 04/09/2013 - 10:36 -- ydnar

ပြည်တွင်းပုဂ္ဂလိက စက်သုံးဆီဆိုင်များတွင် မတ် ၂၅ ရက်မှ ၃၀ရက်အတွင်း ပြင်ပ လက်လီရောင်းချနေသော  ဓာတ်ဆီ၊  ဒီဇယ် ဈေးများသည် တောင်ကြီး၊ မော်လမြိုင်တွင် ဈေးငြိမ်နေပါသည်။ မန္တလေးမှာ ဒီဇယ်ဈေး ငြိမ်နေပြီး ရန်ကုန်တွင် ဒီဇယ်ဈေး ကျလာသော်လည်း ဓာတ်ဆီဈေး အနည်းငယ်မြင့်လာကြောင်း  စုံစမ်းရ ပါတယ်။ စက်သုံးဆီဆိုင်ဈေးများမှာ ရန်ကုန်၊ မန္တလေး၊ တောင်ကြီး၊ မော်လမြိုင် တို့တွင် ဈေးငြိမ်နေကြောင်း သိရပါတယ်။

ဒီတစ်ပတ် ဓာတ်ဆီ/ဒီဇယ် အရောင်းအဝယ်အခြေအနေများမှာ-ရန်ကုန်ဈေးကွက်တွင် ပုဂ္ဂလိက စက်သုံးဆီဆိုင်များတွင် ရောင်းချနေသော ဓါတ်ဆီ၊ဒီဇယ်ဈေးမှာ ပြောင်းလဲမှုမရှိ ယခင်ဈေးနဲ့ရောင်းချတယ်လို့ သိရပါတယ်။ ဒီတစ်ပတ် ပုဂ္ဂလိက စက်သုံးဆီဆိုင်မှာ ရောင်းချနေတဲ့ဈေးမှာ ဓာတ်ဆီ တစ်လီတာ ၈၁၄ ကျပ်၊ ဒီဇယ် ၈၆၀ ကျပ်၊ အောက်တိန်း ၈၇၀ ကျပ်နဲ့ အဆင့်မြင့်ဒီဇယ် ၈၉၀ ကျပ်ဖြင့် ရောင်းချတယ်လို့ သိရပါတယ်။ ဒီတစ်ပတ်မှာ စက်သုံးဆီဆိုင်များ တွင် ဈေးငြိမ်နေပေ မဲ့ ပြင်ပလက်လီဆိုင်များမှာတော့ ဒီဇယ်ဈေး အနည်းငယ်ကျပြီး ဓါတ်ဆီဈေးနည်းနည်းမြင့်တက်လာပါတယ်။ သြင်္ကန်နားနီးလာရင် ဒီလိုပဲ ဈေး နည်းနည်းမြင့်လာတတ်ပါတယ်။ ဒီဇယ်ဈေးက တစ်ရာဝန်းကျင် ကျလာပေမဲ့ ဓာတ်ဆီက ခြောက်ရာကျပ်နီးပါးတက်လာပါတယ်။ ဒီတစ်ပတ်  ဓာတ်ဆီဈေးက ဝယ်ဈေး တစ်ဂါလန် ကျပ် ၄၅၀၀ ဖြစ်ပြီး ရောင်းဈေး ကျပ် ၄၈၀၀၊ ဒီဇယ်တစ်ဂါလန် ကျပ် ၃၅၀၀ ဝယ်ပြီး ကျပ် ၃၇၀၀ ဖြင့် အရောင်းအဝယ်ဖြစ်တယ်လို့ ဓာတ်ဆီ၊ ဒီဇယ် အရောင်းအဝယ်သမားတစ်ဦးထံမှ စုံစမ်းသိရှိခဲ့ပါတယ်။မန္တလေးဈေးကွက်မှာ ဓာတ်ဆီ၊ ဒီဇယ်က ပုံမှန်အရောင်းအဝယ်ရှိနေတယ်။ မန္တလေးဘက်မှာ ပုဂ္ဂလိကစက်သုံးဆီ ဆိုင်ရဲ့ဈေးက မပြောင်းပေမဲ့ ပြင်ပလက်လီ ဆိုင်များရဲ့ဈေးမှာတော့ ဒီဇယ်ဈေးငြိမ်နေပေမဲ့ ဓာတ်ဆီဈေးက တစ်ရာဝန်းကျင် တက်လာတယ်လို့ သိရပါတယ်။ ဒီတစ်ပတ် ပုဂ္ဂလိကစက်သုံးဆီဆိုင်ရဲ့ ဈေးမှာ ယခင်တစ် ပတ်ဈေးဖြစ်တဲ့  ဓာတ်ဆီတစ်ဂါလန် ကျပ် ၃၈၀၀၊ ဒီဇယ် တစ်ဂါလန် ကျပ် ၃၉၀၀ နဲ့ ရောင်းချနေပါ တယ်။ ပြင်ပ လက်လီဆိုင်များမှာတွင် ယခင်တစ်ပတ် ဈေးအတိုင်း ငြိမ်နေပေမဲ့ ဓာတ်ဆီဈေးက ဝယ်ဈေး ရောင်းဈေး တစ်ရာကျပ် ဈေးတက်လာပါတယ်။ ဒီတစ်ပတ် လက်လီဆိုင်များရဲ့ အရောင်းအဝယ်ဖြစ်နေ တဲ့ ဈေးက ဓာတ်ဆီတစ်ဂါလန် ဝယ်ဈေး ၃၉၀၀ ကျပ်၊ ရောင်းဈေး ၄၁၀၀ ကျပ် ဖြစ်ပြီး ဒီဇယ်က ဝယ်ဈေး ၃၆၀၀ ကျပ်၊ ရောင်းဈေး ကျပ် ၃၈၀၀ ဖြင့် အရောင်း အဝယ်ဖြစ်တယ်လို့ ဓာတ်ဆီ၊ ဒီဇယ်ဝယ်ရောင်းသမား တစ်ဦးမှ ပြောပါတယ်။တောင်ကြီးဈေးကွက်မှာ ဓာတ်ဆီ၊ ဒီဇယ်က ပုံမှန်အရောင်းအဝယ်ဖြစ်တယ် လို့ သိရပါတယ်။ ဒီတစ်ပတ် ပုဂ္ဂလိက စက်သုံးဆီဆိုင်ရဲ့ ဓာတ်ဆီ၊ ဒီဇယ် ဈေးငြိမ် နေသလို ပြင်ပလက်လီဆိုင်များရဲ့ ဈေးကလည်း ငြိမ်နေတယ်လို့ သိရပါတယ်။  ဒီတစ်ပတ် ပုဂ္ဂလိကစက်သုံးဆီဆိုင်ရဲ့ ဈေးမှာ ဓာတ်ဆီ ၃၉၀၀ ကျပ်၊ ဒီဇယ် ၃၈၅၀ ကျပ်၊ အောက်တိန်း ၃၉၅၀ ကျပ်နဲ့ ရောင်းချပါတယ်။ ပြင်ပလက်လီဆိုင်များမှာ အရောင်းအဝယ်ဖြစ်နေ တဲ့ ဈေးများမှာလည်း ယခင်တစ်ပတ်ဈေးအတိုင်း ဓာတ်ဆီ တစ်ဂါလန် ကျပ် ၄၀၀၀၊ ဒီဇယ် ၃၈၅၀ ကျပ်၊ အောက်တိန်း ကျပ် ၄၀၀၀ နဲ့ အရောင်းအဝယ်ဖြစ်တယ်လို့ သိရှိရပါတယ်။မော်လမြိုင်ဈေးကွက်မှာ ပုဂ္ဂလိက စက်သုံးဆီဆိုင်ရဲ့ ဓာတ်ဆီ၊ ဒီဇယ်ဈေး မှာ ဈေးငြိမ်နေတယ်လို့ သိရပါတယ်။ ပြင်ပလက်လီရောင်းဝယ်မှုမှာလည်း ဈေးတွေ က ငြိမ်နေတယ်လို့ ဆိုပါတယ်။ ဒီတစ်ပတ် ပုဂ္ဂလိကဆိုင်ဈေးက ဓာတ်ဆီ ၃၈၀၀ ကျပ်၊ ဒီဇယ် ၄၀၅၀ ကျပ် ၊အောက်တိန်း ၃၉၅၀ ကျပ်နဲ့ ရောင်းချ ပြီး ပြင်ပလက် လီဆိုင်များမှာ ဓာတ်ဆီတစ်ဂါလန် ကျပ် ၄၂၀၀၊ ဒီဇယ် ကျပ် ၄၂၀၀၊ အောက်တိန်း ၄၁၀၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်နေတယ်လို့ သိရှိရပါတယ်။MIRT-DOT