Main menu

Background

မြန်မာ့ရွှေဈေး ဆက်လက်ကျဆင်း

Tue, 04/09/2013 - 10:42 -- ydnar

မြန်မာ့ရွှေဈေးသည်  ယခုတစ်ပတ် အတွင်း ဆက်လက် ကျဆင်းလျက်ရှိ ကြောင်း သိရသည်။  ကမ္ဘာ့ရွှေဈေး သည်လည်း ကျဆင်းလျက်ရှိသဖြင့် မြန် မာ့ရွှေဈေးကျဆင်းရသည်ဟု ရွှေကုန် သည်အချို့ သုံးသပ်လျက်ရှိကြသည်။"ဒီတစ်ပတ်ထဲမှာ  ပိတ်ရက်တွေက လည်း များတယ်။ ကမ္ဘာ့ရွှေဈေးက လည်းကျနေတယ် ဆိုတော့ မြန်မာ့ရွှေ ဈေးက လည်း ကျသွားတာပေ့ါ။  ဈေး ကလည်း ကျနေတော့ ဝယ်ရောင်းလုပ် တဲ့သူတွေ ငြိမ်နေကြတဲ့အတွက် ဈေး ကွက်က လှုပ်လှုပ်ရှားရှား  သိပ်မရှိ တော့ဘူး။   ကမ္ဘာ့ရွှေဈေးကလည်း အကျဘက်ကို ဦးတည်နေတယ်။ ကျ တယ်ဆိုပေမယ့် သိပ်အကျကြီး မဟုတ် တော့ ဈေးကစားလို့မရဘူးဖြစ်နေတာ ပေါ့။ ကမ္ဘာ့ရွှေဈေးကလည်း ဒီရက်ထဲ မှာ ပြန်ကျလာ တယ်။ ဒီနေ့ဆို ၁၅၉၇ ဒေါ်လာပဲရှိတော့တယ်။  မနေ့ကဆို ၁၆၀၅ ဒေါ်လာဆိုတော့ ဈေးက ကျ သွားတာပေါ့။ အခု သြင်္ကန်လည်း နီး နေပြီဆိုတော့  တက်ဖို့  မရှိတော့ဘူး။ သြင်္ကန်ပြီးမှ အနေအထားကို စောင့် ကြည့်ရဦးမယ်' ဟု ရွှေဘုံသာလမ်း အ တွင်းမှ  ရွှေကုန်သည်တစ်ဦးက ဆို သည်။

မြန်မာ့ရွှေဈေးသည် ပြီးခဲ့သည့် ရက် သတ္တပတ်အတွင်းက အခေါက်ရွှေ တစ် ကျပ်သားလျှင်  ကျပ် ၇၅၁၀၀၀ ရှိခဲ့ သော်လည်း မတ် ၂၅ ရက် ဈေးပြန် ဖွင့်ချိန်တွင် ကျပ် ၇၄၉၅၀၀ သို့ ကျ ဆင်းခဲ့သည်။ မတ် ၂၈ ရက်တွင် ထပ်မံ ကျဆင်းခဲ့ရာ ကျပ် ၇၄၅၅၀၀၊ မတ် ၂၉ ရက်တွင် ကျပ် ၇၄၀၅၀၀ အထိ ကျ ဆင်းခဲ့သည်။ရွှေဈေး   ကျဆင်းနေမှုကြောင့် အထည်ဝယ်သူများ ပိုမိုများပြားလာခဲ့ ကြောင်း အဆိုပါရွှေကုန်သည်က ထပ် မံပြောကြားခဲ့သည်။"ရွှေဈေးကျနေတဲ့အတွက် ရွှေဝယ် ရောင်းသမားတွေ    ငြိမ်နေပေမယ့် အထည်ဝယ်တဲ့သူတွေကတော့ အရင် ကထက်ပိုပြီး အဝယ်လိုက်လာတယ်" ဟု ဆိုသည်။ကမ္ဘာ့ရွှေဈေးသည် မတ် ၂၅ ရက်က ၁၆၀၇ ဒေါ်လာရှိခဲ့ရာမှ မတ်  ၂၈ ရက် တွင် ၁၆၀၄ ဒေါ်လာ၊ မတ် ၂၉ ရက် တွင် ၁၅၉၇ ဒေါ်လာသို့  ကျဆင်းခဲ့ သည်။                  မယ်သီတာ