နို့ဆီ/နို့စိမ်း တန်ချိန် လေးရာ့လေးဆယ်ကျော်ဝင်သီတင်းတစ်ပတ်ဖြစ်တဲ့ မတ် ၁၇ရက် မှ ၂၃ ရက်တာ ကာလအတွင်း နို့ဆီ ၄၄၄ ဒသမ ၂၇၇ တန်ကို တင်သွင်းခဲ့ပါ တယ်။ ဒီတစ်ပတ်မှာ ထိုင်းနဲ့ စင်ကာပူ နိုင်ငံမှ နို့ဆီများ တင်သွင်းလာတယ်လို့ သိရပါတယ်။ ဝင်လာခဲ့တဲ့နို့ဆီများမှာ မာရီဂိုးနို့ဆီ ၁၅၁ ဒသမ ၅၂၄ တန်၊ အိုကေ နို့ဆီ ၂၄၈ ဒသမ ၄၀တန်နဲ့ အခြား တံဆိပ်နို့ဆီ ၄၄ ဒသမ ၃၅၃ တန် တင်သွင်းလာခဲ့ပါတယ်။ ယခင်သီ တင်းပတ်နို့ဆီအဝင်က တန်ချိန် နှစ်ရာ့ ငါးဆယ်ကျော် ရှိခဲ့တာကြောင့် ဒီတစ် ပတ်မှာ နို့ဆီတန်ချိန် တစ်ရာ့ကိုးဆယ် ကျော် အဝင်ပိုခဲ့ပါတယ်။
နို့မှုန့်က စင်ကာပူနိုင်ငံမှ ၈၁ ဒသမ ၈၆၇ တန်၊ နယူးဇီလန်မှ ၂၆၆ တန်နဲ့ မလေးရှားနိုင်ငံမှ ၁ ဒသမ ၅၆၆ တန်၊ DOMINICA မှ ၈ ဒသမ ၄၄၅တန် တင်သွင်းခဲ့တယ်လို့ သိရပါတယ်။MIRT (DOT)
နို့ဆီလက်လီဈေး
နို့ဆီအမျိုးမျိုးနဲ့ ပြည်တွင်းဖြစ်နို့ဆီ တွေရဲ့ ဈေးကွက်အသီးသီး လက်လီဈေး တွေကတော့ အောက်ပါအတိုင်း ဖြစ် ပါတယ် -တစ်ဘူး/ကျပ် ရန်ကုန် မန္တလေး ဒွန်း (နို့ဆီ) ၇၅၀ ၇၆၀ ဒွန်း (နို့စိမ်း) ၆၇၀ ၆၂၅ ဝမ်းတီးနို့ဆီ ၆၅၀ ၆၆၀ အိုကေ(နို့ဆီ) ၆၇၀ ၆၁၅ အိုကေ(နို့စိမ်း) ၆၇၀ ၆၀၀ MIRT (DOT)