Main menu

Background

ဘိလပ်မြေဈေးနှုန်းများ(1-4-13)

Tue, 04/09/2013 - 10:51 -- ydnar

ရေလမ်းမှ ဘိလပ်မြေအဝင်လျော့ ပြည်တွင်းမှာ ဘိလပ်မြေ ရောင်းအားများနေတာကြောင့် နယ်စပ်ရော ရေ လမ်းကပါ ဆက်တိုက်ဆိုသလို အဝင်များနေပါတယ်။ ဒါပေမဲ့ မတ် ၁၇ ရက်မှ ၂၃ ရက်အတွင်းမှာ ဘိလပ်မြေ အဝင်နည်းခဲ့ပါတယ်။  အဲဒီရက်များမှာ ကန်ဒေါ်လာ တစ်ဆယ့်သုံးသိန်းကျော် တန်ဖိုးရှိ ဘိလပ်မြေ တန်ချိန် ၁၅၆၀၆ ဒသမ ၈၀ ကိုသာ တင်သွင်းခဲ့ပါတယ်။ ဒီတစ်ပတ်မှာ ဗီယက်နမ်၊ ထိုင်းနဲ့ ကိုရီးယားနိုင်ငံများမှ ဘိလပ် မြေများ ဝင်လာခဲ့သလို တင်သွင်းလာခဲ့တဲ့တန်ချိန်မှာ ဗီယက်နမ်မှ ဘိလပ်မြေ တန်ချိန် ၆၀၊ ထိုင်းနိုင်ငံမှ ဘိလပ်မြေ တန်ချိန် ၁၅၅၄၂၊ ကိုရီးယားနိုင်ငံမှ ဘိလပ်မြေ တန်ချိန် ၄ဒသမ ၈တန်တင်သွင်းလာခဲ့ကြောင်း သိရ ပါတယ်။ ယခင်သီတင်းပတ်မှာ ဘိလပ်မြေအဝင်က တန်ချိန် သုံးသောင်းငါးထောင် ကျော်ရှိတာကြောင့် ဒီတစ်ပတ် တန်ချိန် တစ်သောင်းကိုးထောင်ကျော် အဝင်လျော့ ခဲ့ပါတယ်။ MIRT (DOT)

ရောင်းအားလည်းတက် အရောင်းအဝယ်လည်းသွက်နေဆဲ ဘိလပ်မြေယခုသီတင်းတစ်ပတ်တွင် ပြည်တွင်းကို ရေလမ်းမှ ဘိလပ်မြေ တန်ချိန် တစ် သောင်းငါးထောင်ကျော်နဲ့ နယ်စပ်လမ်းများမှ ဘိလပ်မြေ တန်ချိန် ကိုးထောင် ကျော်ဝင်လာခဲ့တယ်လို့ သိရပါတယ်။ ဒီတစ်ပတ်ဘိလပ်မြေ အဝင်က ယခင်တစ် ပတ်နဲ့ယှဉ်ရင် ရေလမ်းမှ ဘိလပ်မြေတန်ချိန် နှစ်သောင်းကျော် အဝင်လျော့သလို၊ နယ်စပ်မှလည်း ဘိလပ်မြေတန်ချိန် နှစ်ထောင်ကျော် အဝင်လျော့ခဲ့တယ်လို့ သိရ ပါတယ်။ ဒီတစ်ပတ် ရန်ကုန်၊ ပဲခူး၊ မန္တလေး၊ တောင်ကြီး၊ မော်လမြိုင်မှာ အရောင်း သွက်တယ်လို့ သိရပါတယ်။ဒီတစ်ပတ် ဘိလပ်မြေဈေးကွက်အခြေအနေများမှာ-မန္တလေးဈေးကွက်မှာ ဘိလပ်မြေက ဒီတစ်ပတ်မှာ အရောင်းအဝယ် သွက် တယ်ဆိုပေမဲ့ ယခင်တစ်ပတ်လောက် အရောင်းအဝယ်မကောင်းဘူးလို့ သိရပါ တယ်။ ဘိလပ်မြေက ဈေးကွက်ထဲ အရောင်းအဝယ်သွက်ပေ မဲ့ ဈေး က မြင်းခေါင်း ဘိလပ်မြေသာ တစ်ရာဝန်းကျင် ဈေးမြင့်လာပြီး ကျန်ဘိလပ်မြေများက ယခင်ဈေး နဲ့ပဲ အရောင်း အဝယ်ဖြစ်တယ်လို့သိရပါတယ်။ ဒီတစ်ပတ် ဈေးကွက်ထဲ အရောင်း အဝယ်ဖြစ်နေတဲ့ဈေးမှာ အေသုံးလုံး ဘိလပ်မြေ ၅၆၀၀ ကျပ်၊ မြန်မာဆင်  ၅၂၀၀ ကျပ်၊ ဆင်မင်း (ကျောက်ဆည်) ၅၁၀၀ ကျပ်၊ ကျားခေါင်းဘိလပ်မြေ ၅၁၀၀ ကျပ်၊ မြင်းခေါင်း ၄၉၀၀ ကျပ်၊ ဆင်(ထိုင်း) ၆၀၀၀ ကျပ်၊ စိန်(ထိုင်း) ၆၀၀၀ ကျပ်နဲ့ မန္တလေးဘုရားကြီးနားမှာရှိတဲ့ ဘိလပ်မြေအရောင်းဆိုင်မှစုံစမ်းသိရှိခဲ့ပါတယ်။မော်လမြိုင်ဘိလပ်မြေဈေးကွက်မှာ ဘိလပ်မြေက ဒီတစ်ပတ်မှာ ရောင်း အားတက်တယ်လို့ သိရပါတယ်။ ဆောက် လုပ်ရေး၊ တည်ဆောက်ရေး လုပ်ငန်း များ ကောင်းတာကြောင့် ရောင်းအားတက်လာပါတယ်။ ဈေးကွက်ထဲ ကြံ့ ဘိလပ် မြေက တော်တော်လေးအရောင်းသွက်တယ်။ မြင်းခေါင်းဘိလပ်မြေက ဒီတစ်ပတ် မှာ ပစ္စည်းပြတ်နေတယ် လို့ သိရပါတယ်။ ဈေးကွက်ထဲ ဆင်(ထိုင်း) ဘိလပ်မြေက တစ်ရာ့ငါးဆယ်ကျပ်၊ ကြံ့(မြိုင်ကလေး) ဘိလပ်မြေ လေးရာကျပ်ဈေးမြင့်လာတယ် လို့ သိရပါတယ်။ ဈေးကွက်ထဲ အရောင်းအဝယ်ဖြစ်တဲ့ဈေးက ဆင်(ထိုင်း) ဘိလပ် မြေ ၅၈၅၀ ကျပ်၊ မြင်းခေါင်းဘိလပ်မြေ ၄၁၀၀ ကျပ်၊ ကြံ့(မြိုင်ကလေး) ဘိလပ်မြေ ၅၁၀၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။ရန်ကုန်ဈေးကွက်မှာ ဘိလပ်မြေက အရောင်းအဝယ်သွက်တယ်လို့  သိရပါ တယ်။ ပစ္စည်းအဝင်များပြီး အရောင်းအဝယ်သွက်နေတာကြောင့် ဈေးကလည်း အနည်းငယ်မြင့်လာပါတယ်။ ပွင့်လင်းရာသီကြောင့် အရောင်းအဝယ် တက်သလို သြင်္ကန်နားနီးရင်လည်းဒီလိုပဲ တက်တတ်ပါတယ်။ ဈေးကွက်ထဲ စိန်ဘိလပ်မြေက ပစ္စည်းပြတ်နေသလို ကျန်ဘိလပ်မြေများက ယခင်ဈေးထက် လေးရာကျော်ဈေးမြင့် လာပါတယ်။ ဒီတစ် ပတ် ဈေးကွက်အတွင်း အရောင်းအဝယ်ဖြစ်နေတဲ့ ဘိလပ်မြေ ဈေးနှုန်းတွေက ဆင်ဘိလပ်မြေ  ၇၀၀၀ကျပ်၊ စိန်ဘိလပ်မြေ ၆၉၀၀ ကျပ်၊ ကျောက် ဆူးဘိလပ်မြေ ၆၅၀၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်တယ်လို့ ဘိလပ်မြေ အရောင်း ဆိုင်မှ စုံစမ်းသိရပါတယ်။                                    MIRT (DOT)