ဥရောပကြွေးမြီးအကျပ်အတည်းဆက်လက်ဖြစ်ပေါ်နေဆဲဖြစ်လို့ သုံးစွဲမှုအများ ဆုံးစားသုံးဆီဖြစ်တဲ့စားအုန်းဆီ ဝယ်လိုအား ကျဆင်းမှာကို ပူပန်သည့်အတွက် စား အုန်းဆီဈေးဟာ စတုတ္ထမြောက်သုံးလပတ်အဖြစ် ဆက်လက်ကျ ဆင်းမယ့် အခြေ အနေရှိနေပါတယ်။
ဇွန်လအတွက် စားအုန်းဆီကြိုပွိုင့်ဈေးဟာ ၁ ဒသမ ၅ ရာခိုင်နှုန်းကျဆင်းပြီး၊ မက်ထရစ်တစ်တန်ကို ၂၄၁၁ ရင်းဂစ်(၇၇၇ ဒေါ်လာ)နှုန်းရှိခဲ့ပါတယ်။ ကွာလာ လမ်ပူရှိ မလေးရှားဆင့်ပွားစာချုပ်စာတမ်းများ ကုန်စည်ဒိုင်မှာ ဤနှုန်းဟာ မတ်လ ၁၉ ရက်နောက်ပိုင်းအနိမ့်ဆုံးနှုန်းဖြစ်ပြီး၊ နေ့လည်ပိုင်းမှာ အရောင်းအသွက်ဆုံး နှုန်းမှာတစ်တန်ကို ၂၄၂၀ ရင်းဂစ်နှုန်းရှိခဲ့ပါတယ်။ ယခုနှစ်အတွင်း သုည ဒသမ ၇ ရာခိုင်နှုန်းဈေးကျဆင်းခဲ့ခြင်းဖြစ်ပါတယ်။ယခုကဲ့သို့ သုံးလပတ်ဆက်တိုက် လေး ပတ်မြောက်ကျဆင်းခဲ့ခြင်းမှာ ၁၉၉၉ ခုနှစ်နောက်ပိုင်း အရှည်ကြာဆုံးကျဆင်း မှု ဖြစ်ပါတယ်။ ဆိုက်ပရပ်ဘဏ်များဟာ ရက်သတ္တပတ်နှစ်ပတ်ကြာပြီးနောက် မတ်လ ၂၈ ရက်နေ့ကပြန်ဖွင့်ခဲ့ပါ တယ်။ ပြန်လည်ဖွင့်လှစ်ချိန်မှာ ဖောက်သည်များရဲ့ ငွေထုတ်ယူ ခွင့်ကို ထိန်းချုပ်ထားဆဲဖြစ်ပါတယ်။ အိန္ဒိယနဲ့ တရုတ်နိုင်ငံတို့ ပြီးရင် ဥရောပဟာ စားအုန်းဆီအများဆုံး ဝယ်ယူတဲ့ ဝယ်လက်ဖြစ်ကြောင်း အမေရိကန်ပြည်ထောင်စု လယ်ယာစိုက်ပျိုးရေးဝန်ကြီးဌာနစာရင်းများအရ သိရပါတယ်။ ဥရောပဒေသရဲ့ စီးပွားရေးဟာ ၂၀၁၃ ခုနှစ်မှာ နှစ်နှစ်ဆက်တိုက် စီးပွားရေး ကျဆင်းနိုင်ကြောင်း၊ ဘလွမ်းဘတ်က ပြုလုပ်တဲ့လေ့လာဆန်းစစ်သူတို့က မှန်းဆထားပါတယ်။ စက်တင်ဘာလအတွက် စားအုန်းဆီသန့်ဟာ ဒါလီယံကုန်စည်ဒိုင်မှာ ၁ ဒသမ ၈ ရာခိုင်နှုန်းကျဆင်းပြီး၊ တစ်တန်ကို ၆၄၀၄ ယွမ်(၁၀၁၄ ဒေါ်လာ)နှုန်းရှိခဲ့ပါတယ်။ အလားတူ စက်တင်ဘာလအတွက် ပဲပုပ်ဆီရဲ့ ကြိုပွိုင့်ဈေး မှာ ချီကာဂို ကုန် သွယ်ရေး ဘုတ်အဖွဲ့တွင် သုည ဒသမ ၄ ရာခိုင်နှုန်းကျဆင်းပြီး၊ တစ်ပေါင်ကို ၅၀ ဒသမ ၆၁ ဆင့်နှုန်းရှိခဲ့တယ်လို့ Bloomberg.com မှာ ဖော်ပြထားပါတယ်။UNT