Main menu

Background

မုံရွာကုန်စည်ဒိုင် မတ်လ လကုန်ပတ် ဆီထွက်သီးနှံဈေးငြိမ်

Tue, 04/09/2013 - 10:57 -- ydnar

မုံရွာကုန်စည်ဒိုင် မတ်လ လကုန် ပတ် ဆီထွက်သီးနှံဈေးကွက်မှာ နှမ်းမျိုး စုံ ပစ္စည်းရှားပေမယ့်လုပ်ငန်းသုံး သမား တွေအဝယ်ပါးလို့ဈေးငြိမ်သွားတာတွေ့ ရပါတယ်။ ပေါက်ဈေးအနေနဲ့ နှမ်းညို တစ်တင်း ၃၆၅၀၀ ကျပ်၊ နှမ်းဝါ တစ် တင်း ၃၆၀၀၀ ကျပ်၊ နှမ်းဖြူတစ်တင်း အောက်စ  ၃၇၅၀၀ ကျပ်၊ အထက်စ ၃၉၀၀၀ကျပ်အသီးသီးပေါက်ခဲ့ ပါတယ်။

မြေပဲ ဈေးကွက်မှာလည်း ချင်း တွင်းမြစ်အထက်ပိုင်းဒေသတွေက ရေ လမ်းခရီးနဲ့ မြေပဲမျိုးစုံ ပုံမှန်ဝင်ရောက်ခဲ့ ပြီး၊ ဒေသတွင်း လုပ်ငန်းသမားနဲ့ တရုတ် ဝယ်လက် အသင့်အတင့်ရှိလို့ ဈေးငြိမ် နေရာယခုတစ်ပတ် အတွင်း မြေပဲဆန်နီ တစ်ပိဿာ ၁၇၉၀ ကျပ်မှ ၁၈၂၅ ကျပ်၊ မြေပဲဆန်ဖြူတစ်ပိဿာ ၁၇၂၅ ကျပ်မှ ၁၇၅၀ ကျပ်နဲ့ မြေပဲလုံးဆန်တစ်တင်း ၃၀၀၀၀ ကျပ်မှ ၃၁၅၀၀ ကျပ်အတွင်း ပေါက်ဈေးဖြစ်ပေါ်ခဲ့ပါတယ်။အရောင်း အဝယ်အားဖြင့် နယ်အဝင်ရှိသလောက် ဖြစ်ခဲ့ရာတစ်ရက်တင်း ၁၀၀၀ မှ ၁၅၀၀ ကြားရှိတယ်လို့ပွဲရုံရပ်ကွက် ကဆိုပါတယ်။ စားသုံးဆီဈေးကွက်မှာတော့ ယခု တစ်ပတ်လုံး ဆက်လက်ဈေးငြိမ်နေရာ ပဲဆီတစ်ပိဿာ ၃၅၀၀ ကျပ်၊ နှမ်းဆီ တစ်ပိဿာ ၄၂၀၀ ကျပ်နဲ့ စားအုန်းဆီ တစ်ပိဿာ ၁၅၉၀ ကျပ်အသီးသီး ပေါက်ခဲ့ပါတယ်။ ကုန်စည်ဒိုင် ပေါက် ဈေးမဖွင့်ဘဲ ပြင်ပမှာ အရောင်းအဝယ် အားကောင်းနေတဲ့ နေကြာဆီကတော့ ဆုံဆီသန့် ၁၀ ပိဿာ ဈေး ၃၁၀၀၀ ကျပ်ရှိပြီး၊ မုံရွာခရိုင်၊ ဘုတလင်မြို့နယ်ရှိ ညောင်ကန်ရွာနဲ့ မောင်းထောင်ရွာတွေ က နေ့စဉ်ဝင်ရောက်လျက် ရှိတယ်လို့ ဈေးကွက်က ဆိုပါတယ်။ ထွန်းလှိုင် - မုံရွာ