Main menu

Background

ဈေးမာနဲ့ အရောင်းအဝယ်ပုံမှန်ရှိတဲ့ မန်းပဲပုပ်ဈေးကွက်

Tue, 04/09/2013 - 10:58 -- ydnar

ဗမာပဲပုပ်နဲ့ ရှမ်းပဲပုပ်ဆိုပြီး မြန်မာ ပြည်မှာ စိုက်ပျိုးတဲ့ ပဲပုပ်အမျိုးအစား နှစ်မျိုး ရှိပါတယ်။ ဗမာပဲပုပ်ကို မတ္တရာ၊ တံတားဦး၊ အမရပူရ၊ ပုသိမ်ကြီး၊ မြင်းမူ၊ ငါန်းဇွန်၊ မြို့သာစတဲ့ဒေသများနဲ့ ရှမ်း ပဲပုပ်ကို မိုးညှင်း၊ မိုးကောင်း၊ နမ့်ဆန်၊ လားရှိုး၊ ကျောက်မဲ၊ သီပေါ၊ ပြင်ဦးလွင်၊ လွိုင်ကော်၊ တောင်ကြီး၊ အောင်ပန်း၊ ကလောစတဲ့ ဒေသများမှာ အဓိကစိုက် ပျိုးပါတယ်။ စိုက်ပျိုးထွက်ရှိတဲ့ ပဲပုပ်တွေ ကို မန္တလေး ကုန်စည်ဒိုင် (ပွဲစား၊ ကုန် သည်၊စက်ပိုင်များကထိန်တော် အသင်း) မှာ အရောင်းအဝယ်ပြုလုပ်ပြီး၊ အဲဒီ အဆင့်မှ တစ်ဆင့် ပြည်တွင်း အနယ် နယ် အရပ်ရပ်နဲ့ ပြည်ပသို့ တင်ပို့ ရောင်းချကြပါတယ်။

၂၀၁၃ ခုနှစ်၊ မတ်လ နောက်ဆုံး ပတ် မန္တလေး ကုန်စည်ဒိုင်မှာ ရှမ်းပဲပုပ် တစ်ပိဿာ ၉၅၈ ကျပ်မှ ၁၀၈၉ ကျပ် ဈေးနဲ့ နေ့စဉ်သုံးတင်းဝင်အိတ် ၅၀၀ ခန့်၊ ဗမာပဲပုပ်တစ်ပိဿာ ၈၈၃ ကျပ်မှ ၉၀၁ ကျပ်ဈေးနဲ့ နေ့စဉ် သုံးတင်း ဝင် အိတ် ၄၀၀ ခန့်၊ စုစုပေါင်း ၉၀၀ အိတ် ခန့် (၇၈ တန်ခန့်)အမြင့်ဈေးနဲ့ အရောင်း အဝယ်ဖြစ်ပါတယ်။ ရှမ်းပဲပုပ်နဲ့ ဗမာပဲပုပ်နှစ်မျိုးစလုံးကို ပြည်တွင်းမှဝယ်ယူသုံးစွဲမှုရှိပေမယ့် ပြည် တွင်းသုံးစွဲမှုမှာ ရှမ်းပဲပုပ်က အသုံးများ ပါတယ်။ ပဲပုပ်စေ့ကို ပဲပုပ်ဆီထုတ်လုပ် ရာမှာအသုံးပြုတဲ့အတွက်ပြည်ပ(တရုတ်) ဝယ်လက်များမှ ပဲပုပ်ဆီ ထုတ်လုပ်တဲ့ ကုန်ကြမ်းအဖြစ် ဝယ်ယူပါတယ်။ ဈေး အနိမ့်၊ အမြင့်ကွာဟချက် ကြီးကြီးမား မား မပြောင်းလဲပေမယ့် ပြည်ပ ဝယ် လိုအား များလာရင် ဈေးနှုန်း အနည်း ငယ်မာပြီး၊ ပြည်ပအဆွဲအေး ရင် ဈေး အေး တတ်တာကြောင့် ဈေးနှုန်း တည် ငြိမ်မှုမရှိကြောင်း ကုန်သည်သတင်း ရပ် ကွက်မှပြောကြားကြောင်းသိရပါတယ်။စိုးအောင် - မန္တလေး