ဘုရင့်နောင်ဈေးကွက်မှာ မတ်ပဲနှင့် ပဲစင်းငုံနီဈေးကျပေမယ့် အရောင်းအဝယ်တော့ ပုံမှန်ရှိနေ

ဘုရင့်နောင်ဈေးကွက်မှာ ဒီတစ်ပတ် မတ်ပဲ (RC) နဲ့ ပဲစင်း ငုံနီ (RC) ကို အိန္ဒိယဝယ်လက်တွေ ဝယ်လိုအား လျော့သွားတာ ကြောင့် ယခင်အပတ်နဲ့ စာရင် ဈေးကျလာပေမယ့် အရောင်းအဝယ် တော့ ပုံမှန်ရှိခဲ့ကြောင်း သိရပါတယ်။ ဒီရက်ပိုင်းမှာ မတ်ပဲကိုအိန္ဒိယ အဆွဲရော ပြည်တွင်းပဲခွဲစက်တွေပါ အဝယ်နည်းလို့ တစ်တန်ကို ကျပ် ၂၁၀၀၀ ခန့်ဈေးကျသွားတယ်လို့ ပဲကုန်သည်တစ်ဦးကဆိုပါတယ်။ ဒီတစ်ပတ်မှာ အရောင်းအဝယ်ဖြစ်တဲ့ဈေးက တစ်တန်ကို ၅၁၉၀၀၀ ကျပ်နဲ့ ဒိုင်ပြင်ပဈေးကွက်မှာ နေ့စဉ်အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ပဲစင်းငုံနီ (RC) က ယခင်တစ်ပတ်က တစ်တန် ကို ၆၈၂၀၀၀ ကျပ်ဈေးနဲ့ အရောင်းအဝယ်ဖြစ်မှုများခဲ့တဲ့ ငုံနီက ဒီ တစ်ပတ်မှာ အိန္ဒိယဝယ်လက်ဝယ်လိုအားပါးသွားတာကြောင့် ဈေး ကျလာပြီး တစ်တန်ကို ၆၅၇၀၀၀ ကျပ်ဈေးနဲ့ ဒိုင်ပြင်ပဈေးကွက်မှာ အရောင်းအဝယ်ဖြစ်မှုနည်းခဲ့တယ်လို့ သိရပါတယ်။