Main menu

Background

မကွေးဈေးကွက်မှာ ပဲစင်းငုံနီနဲ့ ကုလားပဲ ဈေးကျပြီး အရောင်းအဝယ်ဖြစ်မှုနည်း

Tue, 04/09/2013 - 11:00 -- ydnar

မကွေးဈေးကွက်မှာ ဒီတစ်ပတ် ပဲစင်းငုံနီက ဈေးကွက်သို့အဝင် ပုံမှန်ရှိပေမယ့် အိတ်စပို့အတွက်ဝယ်ယူနေတဲ့ ရန်ကုန်ဝယ်လက် က ဈေးချအဝယ်ရှိ တာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးကျလာပြီး တစ်ပိဿာကို ၁၀၃၅ ကျပ်(တစ်တန်ကို ၆၃၃၈၂၃ ကျပ်)ဈေးနဲ့ တစ် ရက်ကိုအိတ် ၃၀၀ ခန့်သာအရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ ကုလားပဲ(ထိုင်ဝမ်)က ဈေးကွက်သို့ဝင်ရောက်မှုတိုးလာပေမယ့် မြို့ခံ ခွဲစက်နဲ့ လှောင်လက်တွေက ဝယ်အားပုံမှန်ထက်စာရင် နည်းနေ တယ်လို့ ဈေးကွက်အတွင်းမှသိရပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၉၀၀ ကျပ်(တစ်တန်ကို ၅၅၁၁၅၁ ကျပ်)ဈေးနဲ့ နေ့စဉ် အိတ် ၂၀၀ ခန့်သာဖြစ်ခဲ့ကြောင်း သိရပါတယ်။