အောင်လံဈေးကွက်မှာ ဒီတစ်ပတ် ပဲစင်းငုံနီကို ရန်ကုန်ဝယ် လက်ရော မြို့ခံခွဲစက်တွေပါ အဝယ်ပါးလို့ ဈေးကအကျဘက်သို့ဦး တည်နေကြောင်း သိရပါတယ်။ အရောင်းအဝယ်အနေနဲ့ တစ်ပိဿာ ကို ၁၀၂၅ ကျပ်(တစ်တန်ကို ၆၂၇၆၉၉ ကျပ်)ဈေးနဲ့ တစ်ရက်ကိုအိတ် ၅၀၀ ခန့်သာဖြစ်ခဲ့ကြောင်း သိရပါတယ်။ ဒေသထွက်သိပ္ပံနှမ်းကို ပြည်ပအတွက်ဝယ်ယူနေတဲ့ ရန်ကုန်ဝယ်လက်က အဝယ်အေးတာ ကြောင့် ယခင်အပတ်နဲ့စာ ရင် ဈေးတန့်နေ တယ်လို့ ဆိုပါတယ်။ အ ရောင်းအဝယ်အနေနဲ့ တစ်ပိဿာ ၃၀၄၅ ကျပ်ဈေးနဲ့ တစ်ရက်ကို အိတ် ၂၀၀ ခန့်သာဖြစ်ခဲ့တယ်လို့ မြို့ခံနှမ်းကုန်သည် တစ်ဦးကဆိုပါ တယ်။
Background