Main menu

Background

ပခုက္ကူကုန်စည်ဒိုင်မှ စိတ်ဝင်စားသူများဖြင့် အများပိုင်ကုမ္ပဏီ ဖွဲ့စည်းမည်

Tue, 04/09/2013 - 11:17 -- ydnar

ပခုက္ကူကုန်စည်ဒိုင်မှ စိတ်ပါဝင်စားသူ ပွဲစားကုန်သည်များနဲ့ အများပိုင်ကုမ္ပဏီ ဖွဲ့စည်းရန် စီစဉ်လျက်ရှိကြောင်း သိရပါတယ်။

"အများပိုင်ကုမ္ပဏီဖွဲ့ရန် တိုင်းဒေသကြီးအစိုးရအဖွဲ့ကို စာတင်ထားပါတယ်။ စာကျလာရင်အများပိုင်ဖွဲ့ဖို့ ဆက်လက် လုပ်ဆောင်သွားမယ်။ စိတ်ဝင်စားတဲ့ ကုန်သည်၊ ပွဲစားများ မည်သူမဆိုပါဝင်လို့ရပါတယ်။ အများပိုင်ဖွဲ့ပြီး စုပေါင်း အားနဲ့သီးနှံဝယ်ယူပါမယ်။ အထူးပြုကုမ္ပဏီတွေလိုတော့ တောင်သူကို သွင်းအား စုယူပြီး စိုက်ပျိုးစရိတ်ချေးငွေ ထုတ်ပေးတာမျိုး လုပ်ပေးဖို့အခြေအနေမရှိသေးပါ ဘူး"လို့ ပခုက္ကူကုန်စည်ဒိုင်ဥက္ကဋ္ဌ ဦးစိုးလွင်က ပြောပါ တယ်။ ပခုက္ကူကုန်စည်ဒိုင်မှာ အသင်းသား ၂၀၀ ကျော်နဲ့ဖွဲ့စည်းထားပြီး အများပိုင် ကုမ္ပဏီဖွဲ့စည်းဝင်ရာက်ရန် စာရင်းပေး ထားသူ ၂၀ ဦးရှိပြီဖြစ်ကြောင်းသိရပါတယ်။ဇူးဇူး-မန္တလေး