ပခုက္ကူကုန်စည်ဒိုင်မှာ ယခုနှစ် ကြို ရောင်းကြိုဝယ်စနစ်နဲ့ ရောင်းဝယ်မှု မရှိခြင်းကြောင့် လိမ်လည်မှုမဖြစ်ပေါ် ဘဲ ဈေးကွက် ပုံမှန်အနေအထားရှိ ကြောင်း သိရပါတယ်။
ပခုက္ကူကုန်စည်ဒိုင်ဥက္ကဋ္ဌ ဦးစိုးလွင်က "မနှစ်ကကြိုရောင်းကြိုဝယ်စနစ်ကြောင့် လိမ်လည်မှုဖြစ်ပေါ်ခဲ့တယ်။ လူ ရှိနေ ပေမဲ့ မဖြေရှင်းနိုင်ဘူး။ ကျပ်သိန်း ၇၀၀ တစ်မှု၊ သိန်း ၂၀၀ တစ်မှုဖြစ်ပြီး၊ မုံရွာ ကနေလိမ်လည်ပြီး ပခုက္ကူမှာ ထပ်လိမ် တာ သိန်း ၄၀၀၀ လောက်ရှိတယ်။ ကြိုရောင်းကြိုဝယ်နည်းလို့ ဈေးကွက် ပုံမှန်လေးဖြစ်နေတာ။ ဒီနှစ်က ပစ္စည်း ထွက်နှုန်းနည်းပြီး လှောင်လက်လည်း နည်းတယ်။ အကျိုးအမြတ်တော့ရှိကြပါ တယ်။ ပစ္စည်းဈေးမြင့်တော့ ဝယ်လိုက် ရောင်းလိုက်လုပ်တဲ့သူ နည်းသွားတယ်။ ကြိုရောင်းကြိုဝယ်များတော့ ဈေးကွက် ပိုပြီး ရှင်သန်ရတာပေါ့။ ရန်ကုန်ဈေး ကွက်နဲ့ကိုက်ပြီး တက်မယ်ထင်ရင် ထိန်း ထားတာမျိုး၊ ကျမယ်ထင်ရင် ရောင်း တာမျိုးလုပ်ေ တာ့ ဈေးကွက်က ပိုပြီး ရှင်သန်တာပေါ့။ တစ်နေ့တစ်နေ့ကို ဖြစ်တဲ့ အရေအတွက်လည်းများတယ်။ မနက် ၁၀ နာရီကနေ ည ၁၀ နာရီထိ ရောင်းတာဝယ်တာရှိခဲ့တယ်။ အရောင်း အဝယ်ဖြစ်ချိန်ဆို အိတ် ၅၀၀၀လောက် အရောင်းအဝယ်ဖြစ်တယ်။ ခုအချိန်မှာ ပစ္စည်းလည်း နည်းနေတော့ အိတ် ၁၀၀၀၊ ၁၅၀၀ လောက်ပဲဖြစ်တယ်" လို့ ပြောပါတယ်။ ယခုနှစ်မှာ UMFCCI မှ ကြိုရောင်း ကြိုဝယ်လုပ်ခွင့် တစ်လခွင့်ပြုထားလို့ အဆင်ပြေမှုရှိကြောင်း သိရပါတယ်။ ယခင်နှစ်က ကြိုရောင်းကြိုဝယ်ပြုလုပ် ပြီး၊ ငွေပေးချေနိုင်ခြင်းမရှိလို့ ယခုနှစ်မှာ ငွေများများထားလို့ ကြိုရောင်းကြိုဝယ် မပြုလုပ်ရဲကြောင်း၊ ယခုနှစ် ကြိုရောင်း ကြိုဝယ် ပြုလုပ်မှုမှာ ၆၀ ရာခိုင်နှုန်း ကျော် လျော့နည်းလာကြောင်း သိရပါ တယ်။ ဇူးဇူး-မန္တလေး