Main menu

Background

အဗျားဝေါကွင်းရှောင်လမ်းပေါ်က ဟိုင်းလတ်ယာဉ်ပေါ်မှ ကျပ် ၇၃ သိန်းကျော်တန်ဖိုးရှိ ယာဉ်အစိတ်အပိုင်းများ အပါအဝင် အကောက်ခွန်မဲ့ပစ္စည်းများရှာဖွေတွေ့ရှိခဲ့

Tue, 04/09/2013 - 12:16 -- ydnar

Mobile Team  အဖွဲ့-၂   ခေတ္တ အခြေပြုအား  သတင်းပေးချက်အရ အဗျားဝေါကွင်းရှောင်လမ်းပေါ်တွင် တရားမဝင် ကုန်တင်ယာဉ်များကို တွေ့ ရှိ၍ လိုက်လံဖမ်းဆီးမှုများ ပြုလုပ်ခဲ့ ရာမှာ ဟိုင်းလတ်ယာဉ် တစ်စီးနဲ့ Light Truck  တစ်စီးတို့အား လက်ရဖမ်းဆီးရ သဖြင့် Mobile Team  အဖွဲ့-၂ ခေတ္တ အခြေပြုရာသို့ ယာဉ်နှစ်စီးအား ခေါ် ယူပြီး ယာဉ်ပေါ်ပါ  ကုန်ပစ္စည်းများ ကိုစစ်ဆေးခဲ့ပါတယ်။ ဟိုင်းလတ်ယာဉ် အမျိုးအစားယာဉ်အမှတ် ၂ခ/xxxx  ပေါ်မှ   ကားလေးဒိုင်နမို၊ ဒီဇယ်ပန့်၊ ကားရှေ့ဘောနပ်ဖုံးများ၊  ရေတိုင်ကီ၊ ကားစတီယာတိုင် (one set)၊ ဒတ်ရှ် ဘုတ်၊ မော်တာပါကားနောက်ကြည့်မှန်၊ ကားရှေ့မီးအုံ၊ Silent မီးအုံ၊ Milage အုံ၊ နောက်ကြည့်မှန်၊ ကားရေတိုင်ကီ အဖုံး၊ ပလပ်ကြိုး၊ စတီရာရင်ဂျွိုင်းဘော၊ ကားဟွန်း၊  အိပ်ဇောစွပ်၊  ရေသုတ်တံ၊ လျှပ်စစ်ပစ္စည်းမျိုးစုံ၊ အပင်အားဆေးနဲ့ ပိုးသတ်ဆေးများ အပါအဝင် ကာလ တန်ဖိုး ကျပ် ၇၃ ဒသမ ၅၂၁ သိန်း တန်ဖိုးရှိ အကောက်ခွန်မဲ့ ပစ္စည်း ၂၃ မျိုးကို စစ်ဆေးရှာဖွေတွေ့ရှိခဲ့ရတယ် လို့ သတင်းရရှိပါတယ်။ အဆိုပါရှောင် ကွင်းလမ်းမှာပင် Light Truck  ယာဉ် အား တားဆီးရှာဖွေရာမှာ ကျပ် ၂၂ ဒသမ ၆၈၀ သိန်းတန်ဖိုးရှိ Beer Chang ၃၁၅ ဖာကိုလည်း သိမ်းဆည်း ခဲ့ရပါတယ်။တရားမဝင်ပစ္စည်းများ တင် ဆောင်လာတဲ့ယာဉ်များဟာ တရားဝင် မှတ်ပုံတင်ထားသော ယာဉ်များဟုတ် မဟုတ်စိစစ်ဆောင်ရွက်ရာမှာဟိုင်းလတ် ယာဉ် ၂ခ/xxxx မှာ တရားမဝင် မှတ်ပုံ တင်မဲ့ယာဉ်ဖြစ်ကြောင်း စိစစ်တွေ့ရှိရ သဖြင့် ခန့်မှန်းတန်ဖိုး ကျပ်သိန်း ၃၀ နဲ့ အမှုဖွင့် ဆောင်ရွက်ထားတယ်လို့ သိရှိရပါတယ်။Source:လရ-၂                                                                                                         MTN