မတ်လ ၂၀ ရက် ၁၂း၀၀ အချိန်မှာ Mobile Team အဖွဲ့-၂ စစ်ဆေးရေးအဖွဲ့ အခြေပြုရာနေရာမှ ဖြတ်သန်း သွားတဲ့ကုန်တင်ယာဉ် ၄/xxxx အားစစ်ဆေးရာမှာ ကျပ် ၄၄ ဒသမ ၉၀၆ သိန်းတန်ဖိုးရှိ လူသုံးဆေးဝါး (သောက်ဆေး၊ လိမ်းဆေး) ၃၂ မျိုးကို စစ်ဆေးတွေ့ရှိခဲ့ရတယ်လို့ သတင်းရရှိပါတယ်။
အဆိုပါဆေးဝါးပစ္စည်းများအပါအဝင် မတ်လ ၂၀ ရက် ၀၆း၀၀ မှ မတ်လ ၂၁ ရက် ၀၆း၀၀ ချိန်ထိ Mobile Team အဖွဲ့-၂ မှ စားသုံးသူအကာအကွယ်ပေးရေးနဲ့ တရားမဝင်ကုန်စည်စီးဆင်းမှုတားဆီးရေး လုပ်ငန်းများဆောင်ရွက် ရာမှာ ယာဉ်ကိုးစီးပေါ်မှ ကျပ် ၉၃ ဒသမ ၁၃၉ သိန်းတန်ဖိုးရှိ ဘော်လီ၊ ဘော်လီကြိုး၊ ဘော်လီအနားကွပ်ဇာ၊ စတီးသပိတ်၊Beer Chang ၊ အသားတုအစို၊ စားသောက်ကုန် (ဝေဖာ၊ ခေါက်ဆွဲ ခြောက်၊ Queen အချိုရည်၊M-150၊ SPY အနီ၊ အနက်)၊ လူသုံးကုန် (Picnic Cooker, Picnic Table, Twin-Pen, Intime ထမင်းဘူး၊ ခေါင်းထိုးကလစ်) များကို အကောက်ခွန် လုပ်ထုံးလုပ်နည်းနဲ့အညီ အမှုတွဲ ကိုးခု ဖွင့်လှစ်ထိန်းသိမ်းခဲ့ရတယ်လို့ သတင်းရရှိပါတယ်။Source: လရ-၂၊MTN