Main menu

Background

FDA ခွင့်ပြုချက်မပါရှိသော်လည်း စားသောက်ကုန်များအား ပြည်တွင်းအခွန်ဆောင်သယ်ယူမှုများရှိနေ

Tue, 04/09/2013 - 12:30 -- ydnar

တရုတ်နိုင်ငံလုပ်စားသောက်ကုန်များ ဖြစ်တဲ့ ကြက်အူချောင်း၊  ပဲနို့၊ ပဲပုပ်၊ ကြာစွယ်၊ အချိုရည်၊ အရက်၊ တို့ဟူး၊ မှိုခြောက်၊ ကြက်သွန်ဖြူ၊ မာလာခေါက် ဆွဲ (အစိမ်း/အဖြူ)၊ ကျောက်ပွင့်၊ မှိုမဲ၊ မဆလာ၊ တို့ဟူးခြောက်၊  ခေါက် ဆွဲ ခြောက် စတဲ့ စားသောက်ကုန်များဟာ တရားမဝင်လမ်းကြောင်းများမှ ကွတ် ခိုင်သို့ရောက်ရှိလာတဲ့အတွက် FDA စစ်ဆေးခွင့်ပြုချက်များ  မပါရှိပါဘူး။ ဒါပေမဲ့အထက်ပါတရားမဝင်အကောက် ခွန်မဲ့ဝင်လာတဲ့ စားသောက်ကုန်ပစ္စည်း များကို သိန္နီမြို့နယ် ပြည်တွင်းအခွန်ဦး စီးဌာနမှာ ကုန်သွယ်ခွန်နဲ့ ဝင်ငွေခွန် များ ပေးဆောင်ထားပြီး ပြည်မသို့ သယ် ဆောင်လာခြင်းကို မူဆယ်-မန္တလေး ကုန်သွယ်မှုလမ်းကြောင်းပေါ်တွင် စား သုံးသူ အကာအကွယ်ပေးရေးနဲ့ တရား မဝင်ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေး အဖွဲ့ (၁) က နောင်ချိုမြို့ Asia World Toll Gate အနီး ယာယီအခြေပြုစစ် ဆေးရာမှာ ယာဉ်နှစ်စီးပေါ်မှ ရှာဖွေ တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

FDA စစ်ဆေးခွင့်ပြုချက် ရရှိထား ခြင်းမရှိတဲ့ တရားမဝင် လမ်းကြောင်း များက ဝင်ရောက်လာတဲ့  အကောက် ခွန်မဲ့  စားသောက်ကုန်ပစ္စည်းများအား လားရှိုးအကောက်ခွန်သို့ လုပ်ထုံးလုပ် နည်းနဲ့အညီ စနစ်တကျ လွှဲပြောင်းအပ် နှံ  ဆောင်ရွက်ထားပြီးဖြစ်ကြောင်း သတင်းရရှိပါတယ်။၈က/xxxx  ဒိုင်နာယာဉ်ပေါ်မှ လရ-၁ အဖွဲ့က  ရှာဖွေတွေ့ရှိရတဲ့ စားသောက်ကုန် ပစ္စည်းတွေကတော့ ကြက်အူချောင်းဖာ ၁၀၀၊ ပဲနို့ ၉၉ ဖာ၊ ပဲပုပ် ဖာ ၆၀ ၊ ကြာစွယ် ဖာ ၂၀ ၊ အချိုရည် ၉၆ ဖာ၊ အရက် ဖာ ၃၀၊ တို့ဟူး အိတ် ၂၀ ၊ မှိုခြောက်အိတ် ၆၀ နဲ့ ၁င/xxxx ကင်တာယာဉ်ပေါ်မှ ကြက်သွန်ဖြူ  ၁၉ အိတ်၊ မာလာ ခေါက်ဆွဲ အစိမ်း ၁၅ အိတ်၊ အဖြူ ၁၀ အိတ်၊  ကျောက်ပွင့် ၅ ဖာ၊ မှိုမဲ ၁ ဖာ၊ မဆလာ ၅ ဖာ၊  တို့ဟူးခြောက် ၂ ဖာ၊ အမွှေးတိုင် ၁၀ ဖာနဲ့ ခေါက်ဆွဲခြောက် ဖာ ၃၀ တို့ဖြစ်ရာ မနည်းလှတဲ့ပမာဏ ကို လရ-၁ အဖွဲ့က စစ်ဆေးတွေ့ရှိ ခဲ့ ခြင်း ပင် ဖြစ်ပါတယ်။Source: လရ-၁                       MTN