Main menu

Background

ရော်ဘာဈေးနှုန်းကျဆင်းနေသဖြင့် ထိုင်းနိုင်ငံက ရော်ဘာလျှော့ချတင်ပို့မှုကို ဆက်လက် ဆောင်ရွက်လို

Tue, 04/09/2013 - 12:48 -- ydnar

ကမ္ဘာ့ရော်ဘာထုတ်လုပ်တင်ပို့မှု အများဆုံးဖြစ်တဲ့ ထိုင်း နိုင်ငံဟာ ရော်ဘာဈေးနှုန်းများ ကျဆင်းနေမှုကို ထိန်းချုပ်ဖို့ အတွက် ရော်ဘာတင်ပို့မှု လျှော့ချခြင်းကို နောက်ထပ်တစ် နှစ်တိုးပြီး ဆောင်ရွက်သွားဖို့ အဆိုတင်သွင်းသွားမယ်လို့ သိရ တယ်။ ၎င်း ကိစ္စအတွက် ထိုင်းနိုင်ငံက မလေးရှား၊ အင်ဒိုနီးရှား နိုင်ငံတို့နဲ့ ဧပြီလ ၁၀ ရက်မှ ၁၂ ရက်နေ့အထိ ကာလအတွင်း ထိုင်းနိုင်ငံ၊ ဖူးခက်မြို့မှာ တွေ့ဆုံဆွေးနွေးသွားမှာဖြစ်ကြောင်း သိရတယ်။

၂၀၁၂ ခုနှစ်အတွင်း ရော်ဘာဈေးနှုန်းများကျဆင်းခဲ့ရာ ထိုင်း၊ မလေးရှားနဲ့ အင်ဒိုနီးရှားနိုင်ငံတို့က ၎င်း တို့ရဲ့ ရော်ဘာ တင်ပို့မှုကို ၂၀၁၂ ခုနှစ် အောက်တိုဘာလမှ ၂၀၁၃ ခုနှစ် မတ်လအထိ ကာလအတွင်း တန်ချိန် ၃ သိန်း လျှော့ချတင်ပို့ဖို့ ဆုံးဖြတ်ခဲ့ကြတယ်။ ၎င်း သုံးနိုင်ငံဟာ ကမ္ဘာ့ရော်ဘာ ထွက် ရှိမှုရဲ့ ၇၀ ရာခိုင်နှုန်း ဝန်းကျင်ကို ထုတ်လုပ်ပေးနိုင်တဲ့ နိုင်ငံ များဖြစ်ပြီး ၎င်း တို့ရဲ့ ရော်ဘာတင်ပို့မှုလျှော့လိုက်ခြင်းက ဈေး ကွက်အပေါ်များစွာ လွှမ်းမိုးမှုရှိခဲ့တယ်။ ၂၀၁၂ ခုနှစ်အတွင်း ရော်ဘာကြိုပွိုင့်ဈေးနှုန်း ၁၅ ရာခိုင်နှုန်း မြင့်မားခဲ့တဲ့အပြင် ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလအတွင်း ရော်ဘာဈေးနှုန်းများ ၁၀ လအတွင်း အမြင့်ဆုံးနှုန်းသို့ ရောက်ရှိခဲ့တယ်။ ဒါပေမဲ့ မတ်လအတွင်း ရော်ဘာဈေးနှုန်းများ ပြန်လည် ကျဆင်းခဲ့တယ်။ လက်ရှိရော်ဘာဈေးနှုန်းက ဖေဖော်ဝါရီလ အတွင်းကဖြစ်ပေါ်ခဲ့တဲ့အမြင့်ဆုံးဈေးနှုန်းနဲ့ယှဉ်ရင်၁၉  ရာခိုင် နှုန်း ကျဆင်းခဲ့ပြီးဖြစ်တယ်။ ကမ္ဘာ့ရော်ဘာ ဝယ်လိုအား အများဆုံး တရုတ်နိုင်ငံရဲ့ ရော်ဘာသိုလှောင်ထားမှုက ၂၀၁၀ ခုနှစ် ဇန်နဝါရီလနောက်ပိုင်း အမြင့်ဆံုံးပမာဏ ကို ရောက်ရှိ လာတဲ့အပြင် ၂၀၁၂ ခုနှစ်ကုန်ပိုင်း ကမ္ဘာ့ရော်ဘာသိုလှောင် ထားရှိမှု ပမာဏမှာလည်း (၇) နှစ်အတွင်း အမြင့်ဆုံးကို ရောက်ရှိခဲ့ပြီး တန်ချိန် ၂ သန်းအထိရှိခဲ့ရာ အမေရိကန်နိုင်ငံ ရဲ့ နှစ်နှစ် စာ ရော်ဘာဝယ်လိုအား အတွက် ဖြည့်ဆည်းပေးနိုင်တဲ့ ပမာဏဖြစ်ကြောင်း နိုင်ငံတကာရော် ဘာလေ့ လာရေးအုပ်စု (IRSG)  က အစီရင်ခံထားတယ်။ ၎င်း အချက်တွေကြောင့် ရော်ဘာဈေးနှုန်း ကျဆင်းလာခြ င်းဖြစ်တယ်လို့ဆိုပါတယ်။ ဒါပေမဲ့ ၂၀၁၃ ခုနှစ်မှာ ရော်ဘာသုံးစွဲမှုစံချိန်တင် မြင့်မားနိုင်ရာ ကမ္ဘာ့ရော်ဘာပိုလျှံမှုဟာ၆၁ ရာခိုင်နှုန်းခန့် ကျဆင်းသွားနိုင်ကြောင်း၊ ၂၀၁၂ မှာ ကမ္ဘာ့ရော်ဘာပိုလျှံမှုမှာ တန်ချိန် ၄၆၀ယ၀၀၀ ဖြစ်သော်လည်း ၂၀၁၃ မှာ ၁၇၉,၀၀၀ တန်အထိ ကျဆင်းသွားနိုင်ပြီး ၂၀၁၄ မှာ တန်ချိန် စုစုပေါင်း ၁၅၃,၀၀၀ သာပိုလျှံနိုင်ကြောင်း (IRSG) က ဇန်နဝါရီလ အတွင်းအစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ပပ