Main menu

Background

မလေးရှားနိုင်ငံသို့ ရော်ဘာအဆင့်နှစ်မျိုး တင်ပို့

Tue, 04/09/2013 - 12:45 -- ydnar

ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ မတ်လ ၁၇ ရက်မှ ၂၃ ရက်ထိကာလအတွင်းမှာ မလေးရှားနိုင်ငံသို့ ကန်ဒေါ်လာ သုည ဒသမ ၇၉၉ သန်းတန်ဖိုးရှိ ရော်ဘာ ၂၈၂ တန်ခန့်တင်ပို့နိုင်ခဲ့ပါတယ်။ တင်ပို့တဲ့ရော်ဘာများ ကတော့ RSS-3  တန် ၈၀ နဲ့MSR-20  ၂၀၂ တန်ခန့်ဖြစ်ပါတယ်။ ယခင်အပတ်က စင်္ကာပူနိုင်ငံသို့ ၂၆၅ တန်ခန့်တင်ပို့ခဲ့တဲ့အတွက် ယခုအပတ်မှာ ၁၇ တန်ခန့်ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ ယခုအပတ်နိုင်ငံ တကာ ရော် ဘာ ပေါက်ဈေးမှာ ယခင်အပတ်ဈေးနဲ့ကွာခြားမှုသိပ်မရှိလှဘဲ FOB ပေါက်ဈေးမှာလည်းပြောင်းလဲမှု မရှိကြောင်း မြန် မာနိုင်ငံရော်ဘာစိုက်ပျိုးထုတ်လုပ်သူများအသင်းရဲ့ ထုတ်ပြန်ချက် အရသိရပါတယ်။ ဈေးတွေကတော့ RSS-1 တစ်တန်လျှင်ဒေါ်လာ ၂၈၀၀-၂၉၀၀၊RSS-3   နဲ့ MSR-20 တစ်တန်လျှင် ဒေါ်လာ ၂၇၀၀-၂၈၀၀၊RSS-5 နဲ့MSR-50   တစ်တန်လျှင် ဒေါ်လာ ၂၆၀၀-၂၇၀၀၊ MSR-10  တစ်တန်လျှင်ဒေါ်လာ ၂၇၅၀-၂၈၅၀၊ Crepe Rubber တစ်တန်လျှင်ဒေါ်လာ ၂၅၀၀-၂၆၀၀ ဖြစ်တယ်လို့သိရှိရပါတယ်။ယဉ်ယဉ်အေး၊ MIRT (DOBT)