Main menu

Background

ကားလေးများ အရောင်းအဝယ်ရှိနေဆဲ ဖြစ်သော်လည်း အပ်ကားဈေး အနည်းငယ်လျော့လာ

Tue, 04/09/2013 - 12:55 -- ydnar

သြင်္ကန်ပွဲတော်နီးကပ်လာသည့် နွေရာသီကျောင်းပိတ်ရက်ရှည် ကာလများ ဖြစ်သဖြင့် ရန်ကုန်မြို့တွင်းနေရာ  အသီးသီးရှိ ပွဲစားတန်းများတွင် ရာသီဥတု ပူပြင်းမှုကြောင့် လူအဝင်ကျဲပါးနေပြီး နံနက်ခင်းပိုင်းနှင့် ညနေခင်းမှာ လူပြန်စည် ကားလာကြောင်း ပွဲစားတန်းမှ အကျိုးဆောင်များအပြောအရ သိရသည်။

မတ်လကုန်ခါနီး တန်ခူးလဆန်းကာလရောက်ရှိလာ၍ နေ့အပူချိန် မြင့်မား လာကာ လူအများ နေ့လယ်နေ့ခင်း အပြင်မထွက်လိုကြသဖြင့် ၎င်း တို့ပွဲစားတန်း များတွင်လည်း နေမပူခင် နံနက်ခင်းပိုင်းနှင့် နေအကျညနေ ပိုင်းများမှသာ လူစည် ကားလေ့ရှိကြောင်း အကျိုးဆောင်ကိုမြင့်ကျော်မှ ပြောသည်။၎င်းင်းမှဆက်လက်၍ ဟံသာဝတီဝိုင်း ရွှေ့ပြောင်းပေးပြီးနောက်ပိုင်း နေရာ အတည်အကျမထိုင်ဘဲ အလုပ်ပေါ်လျှင် ပေါ်သည့်နေရာ လိုက်ထိုင်ကြောင်း၊ ဟံ သာဝတီမှရွှေ့ခဲ့သည့် အုပ်စုနှစ်စုတွင် သီရိမင်္ဂလာေ ဈးဟောင်းမှာ နေ့လယ် နေ့ခင်း ပိုင်း အမိုးအကာရှိ ကွန်ကရစ်အဆောက်အအုံရှိသဖြင့် နေပူ ကင်းလွတ်သော် လည်း မင်းရဲကျော်စွာဝိုင်းမှာမူ မြေကြီးပိုင်းလုပ်ငန်းများ၊ လမ်းခင်းမှုများ မပြီး သေးသဖြင့် ဖုန်ထူပြီးနေရိပ် မရှိကြောင်း၊ သို့ရာတွင် ယခုတလော နှစ်ဆန်းပိုင်း က အခြေအနေထက် အရောင်းအဝယ်ကောင်းလာကြောင်း ပြောပြသည်။ယခုအခါ ကားဈေးကွက်အတွင်း မြို့နေလူတန်းစားသာမက နယ်အဝယ် များပါ ဝယ်ယူသည်မှာ ၁၃၀၀ CC သုံး ကားလေးများဖြစ်ကြောင်း၊ ကျောင်း ပိတ်ရာသီဖြစ်သဖြင့် ခရီးသွားများလာမှုကြောင့်လည်း လေးဘီးယက်၊ ဝက်ဂွန်များ လည်း အနည်းငယ်အဝယ်ရှိကြောင်း၊ ယခင်နှစ် ဒီအချိန်က ခရီးသွား၊ ဘုရား ဖူးအဖြစ် စုပေါင်းငှားသည့် တောင်းအေ့စ်ပစ်ကပ်ယာဉ်များ အရောင်းအဝယ်ရှိ သော်လည်း ယခုနှစ် သိပ်မရောင်းရကြောင်း၊ အကြောင်းမှာ ၂၀၁၃ ခုနှစ် မိုဒယ် အထက် တစ်ခန်းခွဲ ပစ်ကပ်အိပ်(စ်)ထရာကက်(ဘ်)၊ Extra Cab  များ လုပ်ငန်းသုံး ထရပ်ယာဉ်များအတိုင်း အခွန် ၅ ရာခိုင်နှုန်းသာ ကောက်ခံမည့်အတွက် အဝယ်ကျဲ သွားခြင်းဖြစ်ကြောင်း ၎င်းင်းမှပြောသည်။ကားဈေးကွက်အတွင်းတွင်လည်း ပြင်ပကားအမျိုးမျိုးကြားနေရပြီး ယင်း အကြားသတင်းများ အခြေခံ၍ ယာဉ်ဟောင်းအပ်စလစ်ဈေးနှုန်း ယခင်လပိုင်းက ဈေးထက် ၄၊ ၅ သိန်းကွာဟသွားပြီး ယခုအချိန် (ဗ၊ဘ) စလစ်အမည်ပေါက်မှာ ၈၈ သိန်းခန့်နှင့် (န၊ပ) စလစ်အမည်ပေါက်မှာ ၈၂ သိန်း/၈၃ သိန်းခန့်သာ ရှိကြောင်း၊ သို့ရာတွင် စလစ်ရောင်းအားလည်း လတ်တလော နည်းသွားကြောင်း၊ အပ်ကားများလည်း ဈေးနှုန်းကျဆင်းလာကာ မလွဲမသွေအပ်နှံခံမည်ဟု တွက်ဆ ထားသည့် အက္ခရာ (သ၊အ) များ၏ ကျပ် ၇၅ သိန်း၊ ၇၈ သိန်းခန့် ရောင်းဝယ်ကြ ကြောင်း ၎င်း မှ ပြောသည်။ကားလေးများ အဝယ်လိုက်သဖြင့် တက္ကစီ (အေအေ၊ ဘီဘီ) ဈေးတန်းများ လည်း ကျပ် ၅ သိန်း၊ ၇ သိန်းခန့်လိုက်တက်လာကာ အငှားယာဉ်လောက အသုံး များကားများဖြစ်သော ပရိုဘောက်၊ ကိုရိုလာဗင်နှင့် အေဒီဗင်များသာ အဝယ်ရှိ ကြောင်း သိရသည်။                                                  SN