Main menu

Background

တာယာလိုအပ်ချက် ကမ္ဘာနဲ့အဝှမ်းမြင့်မားလာနိုင်ကြောင်း ဟောကိန်းထုတ်လျက်ရှိ

Tue, 04/09/2013 - 13:05 -- ydnar

အပြည်ပြည်ဆိုင်ရာ ရော်ဘာလေ့လာရေးအဖွဲ့ အထွေထွေအတွင်းရေးမှူး Stephen Evans က လာမဲ့ ၁၀ စုနှစ်အတွင်း တာယာလိုအပ်ချက်များ ကမ္ဘာနဲ့ အဝှမ်း မြင့်မားလာနိုင်တယ်လို့ ဟောကိန်းထုတ်ပြောကြားလိုက် ပါတယ်။

ဥရောပအချုပ်အချာအာဏာပိုင်နိုင်ငံများကြွေးမြီအကြပ်အတည်းနဲ့ အမေရိ ကန်ရဲ့ စီးပွားရေးအားနည်းမှုများ တရုတ်စီး ပွားရေးကျဆင်းလာမှုများကို ကျော် လွှားလာနိုင်ပြီး နောက်လာမဲ့ဆယ်စုနှစ်မှာ မော်တော်ယာဉ်လိုအပ်ချက် များ မြင့် တက်လာတာနဲ့အညီ တာယာလိုအပ်ချက်များလည်း မြင့်မားလာနိုင်တယ်လို့ Tyreexpo Asia 2013 ဖွင့်ပွဲအခမ်းအနားမှာStephen Evans   က ပြောကြား ခဲ့တာဖြစ်ပါတယ်။ ၂၀၂၂ ခုနှစ်ထိ ရော်ဘာကုန်ကြမ်းအဆင့်ကို တရုတ်နိုင်ငံမှ အများဆုံးလိုအပ်မှာဖြစ်ပြီး အိန္ဒိယနိုင်ငံအနေနဲ့တော့ လိုအပ်ချက် နည်းနိုင်တယ် လို့ Evans   ကဆိုပါတယ်။Evans   က ကားအသစ်များအတွက် တာယာ အသစ်များ လိုအပ်မှာဖြစ်သလို တာယာအစားထိုးလဲလှယ်ရန် အတွက် ရော်ဘာ လိုအပ်ချက်များ မြင့်တက်လာမယ်လို့ သုံးသပ်ပြောကြားခဲ့ပါတယ်။ တာယာလို အပ်ချက်မြင့်တက် လာနိုင်ခြေရှိတဲ့ အလားအလာများနဲ့စပ်လျဉ်းပြီး ၂၀၁၂ ခုနှစ် မှာ ခရီးသည်တင်ယာဉ်စီးရေ ၃၂၃ သန်း လိုအပ်နေရာမှ ၂၀၂၂ ခုနှစ်မှာ ယာဉ်စီးရေ ၅၂၄ သန်း၊ ကားဘီးအစားထိုး လဲလှယ်ခြင်းအတွက် ၂၀၁၂ ခုနှစ်မှာ တာယာ ၇၈၆ သန်း လိုအပ်နေရာမှ ၂၀၂၂ ခုနှစ်မှာ ၁ ဒသမ ၃ ဘီလီယံ ထိမြင့်တတ်လာနိုင်ကြောင်းEvans  က ဆိုပါတယ်။လတ်တလောမှာ ကမ္ဘာနဲ့အဝှမ်း ကားစီးရေ ၁ ဒသမ ၁ ဘီလီယံရှိနေရာမှ ဆယ်စုနှစ်ကုန်လွန်ချိန်မှာ ကားစီရေ ၁ ဒသမ ၇ ဘီလီယံထိ တိုးလာနိုင် ကြောင်းနဲ့ တရုတ်တစ်နိုင်ငံတည်းအနေနဲ့ ယာဉ်စီးရေ ၂၅၀ သန်း ပိုမိုထုတ် လုပ်ရန် ရည်ရွယ်ထားတယ်လို့ Evans  က ပြောကြားကြောင်း အပြည်ပြည်ဆိုင် ရာ ရော်ဘာဈေးကွက် Online  သတင်းမှာ ဖော်ပြထားပါတယ်။Source:Rubber News,  cmk