Main menu

Background

အသေးစားနှင့် အလတ်စား လုပ်ငန်းများအား အတိုးနှုန်း ၈ ရာခိုင်နှုန်းဖြင့် ငွေချေးပေးမည်

Tue, 04/09/2013 - 13:10 -- ydnar

အသေးစားနှင့် အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်မှုအတွက် စက်မှုလက်မှုဖွံ့ဖြိုးရေး ဘဏ်ဖွင့်၍ ငွေချေးပေးရန် စီစဉ်နေပြီဖြစ်ကြောင်း သိရပါတယ်။

မန္တလေးတိုင်းဒေသကြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ပြည်သူ့လွှတ်တော်နှင့် ငွေကြေး ဖွံ့ဖြိုးတိုးတက်ရေးေ ကာ်မတီဝင် ဦးကိုကြီးက"စက်မှုလုပ်ငန်းတွေ ကျဆင်းပြီး ရှုံးနေတဲ့အတွက် စက်မှုလက်မှုဘဏ်တစ်ခုဖွင့်ပြီး အတိုးနှုန်း ၈ ရာခိုင်နှုန်းနှင့် ချေးပေးဖို့ ပြည်သူ့လွှတ်တော်နှင့် ငွေကြေး ဖွံ့ဖြိုးတိုးတက်ရေးကော်မတီမှာ ဆွေးနွေးနေပါတယ်။ မကြာခင်ချေးပေးတော့မှာပါ။ လက်ရှိ ပြင်ပ ပုဂ္ဂလိကဘဏ်တွေက တစ်နှစ်မှာ အတိုး ၁၃ ရာခိုင်နှုန်းနှင့်ချေးေ ပးနေပါတယ်။ တစ်လအတိုးတွက်ရင် တစ်ကျပ်ကျော်လောက်ပေးရပါတယ်။ အဲဒီလောက် အတိုးနှုန်းဆို လုပ်ငန်းလုပ် ဖို့ နှောင့်နှေးနေတဲ့ အတွက် အတိုးနှုန်းလျှော့ချေးပေးမယ်။ ၂ နှစ်၊ ၃ နှစ် ချေးလိုရင် လည်း တောင်းဆိုလို့ရပါတယ်။ တစ်နှစ်မှာ ၈ ရာခိုင်နှုန်းအတိုးဆို တစ်ရာမှာ တစ်လကို ၆ ဒသမ ၆ ပြားလောက် ပဲပေးရမယ်။ ဒီလောက်ဆို လုပ်ငန်းလုပ်ဖို့ကြိုးစားလို့ရမယ်။ ငွေချေးမယ်ဆို ပိုင်ဆိုင်မှုပြရမယ်။ နောက်ပိုင်းမှာ တိုးတက်လာရင် အပေါင်မထားဘဲ ချေးလို့ရအောင် ထိ ဖြစ်ချင်ဖြစ်လာနိုင်ပါတယ်"လို့ ပြောပါတယ်။ ပြည်တွင်း အသေးစားနှင့် အလတ်စားလုပ်ငန်း လုပ်ကိုင်သူ ၃၇၀၀၀ ဝန်းကျင်ရှိပြီး အကြီးစား လုပ်ငန်း လုပ်ကိုင်သူ ၇၀၀၀ ဝန်းကျင်ရှိကြောင်း သိရပါတယ်။ဇူးဇူး-မန္တလေး