Main menu

Background

ရက်သတ္တပတ် စီးပွားရေး.သတင်းတိုများ

Tue, 04/09/2013 - 13:50 -- ydnar

ဝါရှင်တန် အမေရိကန် ပြည်ထောင်စုရဲ့ စတုတ္ထ သုံးလပတ် စီးပွားရေးဖွံ့ဖြိုးမှု နှုန်းက မူလက ခန့်မှန်းထားတဲ့ ၁ ဒသမ ၄ ရာခိုင်နှုန်းထက်ကျော်လွန်ခဲ့ ကြောင်း ကနဦး အပြီးသတ် ခန့်မှန်း ချက်မှာ မတ် ၂၈ ရက်က အမေရိ ကန်ပြည်ထောင်စု စီးပွားရေးနဲ့ ကူး သန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ပြောပါတယ်။၂၀၁၂ ခုနှစ် တစ်ခုလုံး အတွက် စုစုပေါင်း စီးပွားရေး ထုတ် လုပ်မှု တိုးတက်နှုန်းက ၂ ဒသမ ၂ ရာခိုင်နှုန်းသာ ရှိတဲ့အတွက် တိုးတက် နှုန်းနည်းနေ ဆဲဖြစ်ပါတယ်။

 
ဝါရှင်တန် ဖွံ့ဖြိုးရေးဘဏ်တည်ထောင်ဖို့ အတွက် ဘရာဇီး၊ ရုရှား၊ အိန္ဒိယ၊ တရုတ်နဲ့ တောင်အာဖရိကနိုင်ငံ အဖွဲ့ (BRICS) က မကြာသေးမီက ကြေညာခဲ့တာကို လွန်စွာစိတ်ဝင်စား စွာ လေ့လာနေကြောင်း အပြည် ပြည်ဆိုင်ရာေ ငွကြေးရန် ပုံငွေအဖွဲ့က ပြောပါတယ်။ ဒါပေမဲ့ အစီအစဉ် ကို ကြိုဆိုကြောင်း ကမ္ဘာ့ဘဏ်ကဲ့သို့ ပြောကြားတာ မရှိသေးပါဘူး။
စင်ကာပူ စင်ကာပူရဲ့ ဖေဖော်ဝါရီ စုစု ပေါင်း ဘဏ်ချေးငွေက ယခင်ကချေး ငွေထက် ၂ ဒသမ ၁ ရာခိုင်နှုန်းမြင့် တက်ခဲ့ကြောင်း စင်ကာပူ ငွေကြေး အာဏာပိုင်အဖွဲ့က မတ် ၂၈ ရက်က ထုတ်ပြန်ပါတယ်။ ဘဏ်ချေးငွေစုစု ပေါင်းက ဇန်နဝါရီမှာ စင်ကာပူဒေါ် လာ ၄၉၉ ဒသမ ၅ ဘီလီယံရှိရာမှ ဖေဖော်ဝါရီတွင်  ၂ဒသမ ၁ ရာ ခိုင်နှုန်း တိုးပြီး စင်ကာပူ ဒေါ်လာ ဘီလီယံ ၅၁၀ ရှိခဲ့ပါတယ်။
မွမ်ဘိုင်း ပြီးခဲ့တဲ့ လေးနှစ် အတွင်း လေယာဉ် သွားလာမှု တိုးတက်နှုန်း ၆၀ ရာခိုင်နှုန်း ရှိခဲ့တဲ့အတွက် တရုတ် ကယ်ရီ လေယာဉ်တွေက အိန္ဒိယမှာ လမ်း ကြောင်းနဲ့ခရီးစဉ်တွေတိုးချဲ့ ပျံ သန်းဖို့ စီစဉ်နေပါတယ်။ တရုတ် ကယ်ရီဟာ လေကြောင်းလိုင်း  သုံးခု ဖြစ်တဲ့ Air China, China Eastern Airlines နဲ့ China Southern Airlines   တွေက မွမ်ဘိုင်း၊ ဒေလီ၊ ဘင်ဂလိုနဲ ကိုလ်ကာတာတို့ကို ပျံ သန်းလျက် ရှိပါတယ်။