Main menu

Background

ကျူးကျော်ဝင်ရောက်ခံရသော နယ်မြေတွင် နေထိုင်သူတွေကို မလေးရှားက ဖယ်ရှားမည်

Tue, 04/09/2013 - 13:55 -- ydnar

ဖိလစ်ပိုင်ကျူးကျော်သူတွေကို ရှာ ဖွေဖေါ်ထုတ်နိုင်ဖို့အတွက် နိုင်ငံခြား စိမ့်ဝင်လာမှုရှိနိုင်တယ်လို့ ယူဆရတဲ့ နယ်မြေတွေမှာ နေထိုင်သူတွေကို အာ ဏာပိုင်တွေက ရွှေ့ပြောင်း နေရာချ ထားပေးမှာဖြစ်ကြောင်း မလေးရှား ဝန် ကြီးချုပ်က မတ် ၂၃ ရက်က ပြောပါ တယ်။

နာဂျစ်ရာဇာတ်ပြောကြားချက် ကို ထောက်ရှုပါက အရှေ့ပိုင်းပြည်နယ်ဖြစ် တဲ့ ဆာဗားမှာ ရေရှည်လုံခြုံရေး ခြိမ်း ခြောက်မှုအန္တရာယ်ဖြစ်တဲ့ လက်နက် ကိုင်ကျူးကျော်မှုအတွက် စိုးရိမ်စရာ မြင့်မားနေတယ်ဆိုတဲ့အချက်နဲ့ ဒီလို ကျူးကျော်မှုကိုဒေသခံတွေကအထောက် အပံ့ပေးနိုင်စရာရှိတယ်ဆိုတာကို ပြသ နေပါတယ်။ "အကြမ်းဖက်သူတွေရဲ့ ကျူး ကျော်မှုအတွက်စိုးရိမ်စရာက တရားမ ဝင် ဝင်ရောက်လာသူူတွေနဲ့ နိုင်ငံမဲ့ တွေရဲ့ စိမ့်ဝင်မှုအန္တရာယ်ကိုအလွယ် တကူထိတွေ့နေရတဲ့ အခြေချ နေထိုင် မှုတွေထဲရှိနေတာပဲ ဖြစ်ပါတယ်" လို့ ရွှေ့ပြောင်းနေရာချထားရေး အစီအစဉ် နဲ့ပတ်သက်ပြီးနာဂျစ်ကပြောပါတယ်။         "ဆူလူနှင့် ဆူလတန်"အဖြစ်  ကြေ ညာခဲ့သူရဲ့ နောက်လိုက်တွေက လွန် ခဲ့တဲ့ ရက်သတ္တပတ်ခြောက်ပတ်လောက် က ဆူလ်တန်ကို သူတို့ ခေါင်းဆောင် အဖြစ် ကြေညာပြီးဆာဗားကျွန်းကို ပြန် လည်တောင်းဆိုတဲ့အတွက် ရာစုနှစ် များစွာကြာခဲ့တဲ့ အချုပ်အခြာ နယ်မြေ ပြဿနာ ပြန်လည် ရှင်သန်လာခဲ့ ပါ တယ်။ ကျူးကျော်ဝင်ရောက်မှုကြောင့် ဖြစ်ပေါ်ရတဲ့ မတ်လဆန်းအတွင်းက တိုက်ခိုက်မှုမှာ စစ်သွေးကြွ ၆၀ နဲ့ လုံ ခြုံရေးဝန်ထမ်း ၁၀ ဦးသေဆုံးခဲ့ရ ကြောင်း မလေးရှားအာဏာပိုင်တွေက ပြောကြားခဲ့ပြီး ဖိလစ်ပိုင်နဲ့ဆက်ဆံရေး တင်းမာခဲ့ပါတယ်။ ဒါပေမဲ့ အာဏာပိုင် တွေကစစ်သွေးကြွတော်တော်များများ ကို ဖမ်းဆီးနိုင်ခြင်းမရှိခဲ့ပါဘူး။ ဆာဗား မှာလူဦးရေသုံးသန်းရှိတဲ့အနက် ဖိလစ် ပိုင်ကနေဆာဗားကိုပြောင်းရွှေ့နေထိုင် သူ ၈ သိန်းရှိပါတယ်။ နေရာရွှေ့ပြောင်း တဲ့အစီအစဉ်ကို ဆာဗားရှိ ကျူးကျော်ခံ ဒေသမှာ ပြုလုပ်မှုဖြစ်ကြောင်းနဲ့ ပြည် နယ်တစ်ခုလုံးကိုလုပ်မှာ မဟုတ်ကြောင်း နာဂျစ်ကပြောပါတယ်။ဒါပေမဲ့ အသေး စိတ် ထုတ်ဖော်မပြောပါဘူး။