Main menu

Background

ထိုင်းမဟာစီမံကိန်းများကို ပြည်တွင်းချေးငွေဖြင့် ဆောင်ရွက်မည်

Tue, 04/09/2013 - 13:53 -- ydnar

ထိုင်းအစိုးရရဲ့ စီးပွားရေးအခြေခံ အဆောက်အအုံ မဟာစီမံကိန်းကြီး များအတွက် လိုအပ်ငွေ အများစု ကို ပြည်တွင်းမှ ချေးယူမှာ ဖြစ်ကြောင်း ဘဏ္ဍာရေး ဝန်ကြီး ကစ်တီရာနာရ နောင်း က မတ် ၂၃ ရက်က ပြောပါ တယ်။ စီးပွားရေး အခြေခံ အဆောက် အအုံဖွံ့ဖြိုးမှုအတွက် ဘတ်ငွေနှစ်ထရီ လီယံသုံးဖို့ ဥပဒေကြမ်းကို မတ် ၁၉ ရက်က ထိုင်းအစိုးရအဖွဲ့က အတည်ပြု ခဲ့ပါတယ်။ ဒီဥပဒေကြမ်းကို စဉ်းစားဆုံး ဖြတ်နိုင်ဖို့အတွက် အောက်လွှတ်တော် ကို ဒီရက်သတ္တပတ်ထဲမှာ တင်သွင်းမှာ ဖြစ်ပါတယ်။

အစိုးရချေးငွေအပေါ် ဖြစ်ပေါ် လာမဲ့ဂယက်ရိုက်ခတ်မှု နည်းစေဖို့ အ တွက် ချေးငွေတွေကို ယခုကစပြီး ၂၀၂၀ ပြည့်နှစ်အထိ ဖြည်းဖြည်းချင်း ထုတ်ပေးသွားမှာ ဖြစ်ကြောင်း NBT အစီအစဉ်တစ်ခုမှာ ကစ်တီရပ်ကပြော ပါတယ်။ လာမဲ့ခုနစ်နှစ်ကျော်အတွက် ထိုင်းနိုင်ငံမှာ အဆင့်သင့် ရှိကြောင်း သူကပြောပါတယ်။ ဒါကြောင့် ပြည် တွင်းဆွေးနွေးငွေတွေက စီမံကိန်းတွေ အတွက် အဓိကထောက်ပံ့ပေးမဲ့အရင်း အမြစ်တွေဖြစ်ပြီး လိုအပ်မှသာပြည်ပ ငွေကြေးထောက်ပံ့မှုကို ရယူမှာဖြစ်ပါ တယ်။ ချေးငွေကိုအဆမတန်ချေးယူ တယ်ဆိုပေမဲ့ အစိုးရ ချေးငွေက စုစု ပေါင်းပြည်တွင်းထုတ်လုပ်မှု ရဲ့ ၅၀ ရာ ခိုင်နှုန်းအောက်ရှိနေဆဲ ဖြစ်ကြောင်း ကစ်တီရပ်ကပြောပါတယ်။