Main menu

Background

ဂျပန်နဲ့ ဥရောပသမဂ္ဂတို့ လွတ်လပ်စွာကုန်သွယ်ခွင့် ဆွေးနွေးပွဲစတင်

Tue, 04/09/2013 - 13:56 -- ydnar

ဂျပန်နိုင်ငံ နဲ့ ဥရောပသမဂ္ဂ (အီးယူ)တို့လွတ်လပ်စွာကုန်သွယ်မှုသဘော တူစာချုပ်ချုပ်ဆိုနိုင်ဖို့ အတွက် ဆွေးနွေးမှုများကို မတ် ၂၃ ရက်ကစတင်ခဲ့ ကြပါတယ်။ ဂျပန်နဲ့အီးယူမှပါဝင်တဲ့နယ်မြေက ကမ္ဘာ့စီးပွားရေးရဲ့ သုံးပုံတစ်ပုံ နီးပါး ပါဝင်တဲ့ဒေသလည်း ဖြစ်ပါတယ်။

မတ် ၂၃ ရက်ညနေပိုင်းမှာ ဂျပန် နိုင်ငံဝန်ကြီးချုပ် ရှင်ဇိုအာဘေး၊ ဥရော ပကောင်စီ ဥက္ကဋ္ဌ ဟာမန်းဗန်ရွမ်ပိုင်နဲ့ ဥရောပကော်မရှင်ဥက္ကဋ္ဌ ဟိုဆေးမင်နျူ ရယ်ဘာရိုဆိုတို့ တယ်လီဖုန်းဖြင့် မိနစ် ၃၀ ကြာ ဆွေးနွေးခဲ့ကြကြောင်း ဂျပန် အစိုးရပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။ ဂျပန်-အီးယူ ထိပ်သီး ဆွေးနွေးပွဲကို မတ် ၂၃ ရက်မှာတိုကျိုမှာကျင်းပဖို့စီစဉ်ခဲ့ပေမဲ့ ဆိုက်ပရပ်နိုင်ငံမှာ ဖြစ်ပေါ် နေတဲ့ ဘဏ္ဍာရေးအကျပ်အတည်းကြောင့် အစီအစဉ်ကို ရပ်ဆိုင်းထားခဲ့ရတာ ဖြစ်ပါတယ်။ "ပိုမိုနက်ရှိုင်းပြီးကျယ်ပြန့်တဲ့" လွတ်လပ်စွာကုန်သွယ်မှုဆွေးနွေးပွဲကိုဆက် လက်ဆောင်ရွက်ဖို့နဲ့ ပထမဆုံးအစည်း အဝေးကိုလာမဲ့လထဲမှာ ကျင်းပဖို့နှစ် ဘက်ထုတ်ပြန်တဲ့ကြေညာချက်မှာ ဖော်ပြထားပါတယ်။ ဒါပေမဲ့ တွေ့ဆုံမဲ့နေ ရာကိုတော့ မဆုံးဖြတ်ရသေးဘူးလို့ ဝန်ကြီးအဖွဲ့လက်ထောက်အတွင်းဝန် ကာဆူနိုဘူကာတိုက သတင်းထောက်တွေ ကိုပြောပါတယ်။ ဒေသတွင်းကုန်သွယ်မှု သဘောတူစာချုပ်တွေချုပ်ဆိုတာက ကမ္ဘာပေါ် မှာအရှိန်ရလာတဲ့အတွက် ဂျပန်နိုင်ငံက ဆွေးနွေးပွဲတွေစတင်ဖို့ ဆန္ဒပြင်းပြလာ တာဖြစ်ပါတယ်။ အမေရိကန် ဦးဆောင် ကျင်းပနေတဲ့ ပစိဖိတ်သမုဒ္ဒရာဖြတ် ပူးပေါင်းဆောင်ရွက်မှု (Trans-pacific Partnership) စာချုပ်ချုပ်ဆိုရေး အ တွက်ပါဝင်ဆွေးနွေး မှာဖြစ်ကြောင်း ယခုလ စောစောပိုင်းက အာဘေး က ကြေညာခဲ့ပါတယ်။ ကမ္ဘာမှာအကြီးမားဆုံး လွတ်လပ်စွာကုန် သွယ်မှုသဘော တူစာချုပ်နယ်မြေကြီးထူထောင်ဖို့ ရည်မှန်းချက်ထားပြီး အမေရိကန်နဲ့အီးယူ လွတ်လပ်စွာ ကုန်သွယ်မှုသဘောတူစာချုပ် ဆွေးနွေးပွဲတွေ ကျင်းပမှာဖြစ် ကြောင်း ယခုနှစ်စောစောပိုင်းက ကြေညာခဲ့ပါတယ်။