ပထမသုံးလပတ်ကာလအတွင်း ဗီယက်နမ်မှ ဆန်တန်ချိန် ၁ ဒသမ ၄ သန်း တင်ပို့နိုင်

ဗီယက်နမ် စီးပွားရေး လုပ်ငန်းရှင်များသည် ပြည်ပသို့ FOB စနစ်နဲ့ ဆန်တန်ချိန် ၁ ဒသမ ၄၅ သန်း၊ တန်ဖိုးအား ဖြင့် ကန်ဒေါ်လာ ၆၄၁ သန်းကျော်၊   CIF  စနစ်နဲ့ ကန်ဒေါ် လာ ၆၆၅ သန်းဖိုး ပထမသုံးလပတ်ကာလ အတွင်းမှာ တင်ပို့ နိုင်ခဲ့တယ်လို့ ဗီယက်နမ်စားသောက်ကုန် အသင်းရဲ့ ထုတ်ပြန် ချက်အရ သိရှိရပါတယ်။

မဲခေါင်မြစ်ဝှမ်းဒေသရှိ ဆန်ဈေးနှုန်းများမှာ ၁ ကီလိုဂရမ် လျှင် ကန်ဒေါ်လာ သုည ဒသမ ၂၅ မှ သုည ဒသမ ၂၆ ဒေါ်လာသို့ မြင့်တက်သွားပြီဖြစ်ပါတယ်။ အရန်ဆန်တန် တစ်သန်း ဝယ်ယူနိုင်ရန်အတွက် ဘဏ်များမှအတိုး မဲ့ ငွေထုတ် ချေးပေးထားကြောင်း အသင်းမှပြောပါတယ်။ မဲခေါင်မြစ်ဝှမ်းဒေသရှိ စပါးစိုက်တောင်သူများသည် ယခုအခါတွင် စပါးပင်များကိုရိတ်သိမ်းနေကြပြီး၊ နောက် တစ်သီး ထပ်မံစိုက်ပျိုးရန်အတွက်ပြင်ဆင် နေကြပြီးဖြစ်ပါ တယ်။ ၂၀၁၂ ခုနှစ် အတွင်းက ဗီယက်နမ်နိုင်ငံမှ ဆန်တန်ချိန် ၇ ဒသမ ၇၂ သန်း၊ တန်ဖိုးအားဖြင့်ကန်ဒေါ်လာ ၃ ဒသမ ၄၅ ဘီလီယံဖိုးတင်ပို့နိုင်ခဲ့ပါတယ်။ အဲဒီပမာဏဟာ ယခင်နှစ် ၂၀၁၁ ခုနှစ်ကထက် တန်ချိန်အားဖြင့် ၈ ရာခိုင်နှုန်း ကျော် ပိုမိုခဲ့သော်လည်း တန်ဖိုးအားဖြင့် ၂ ရာခိုင်နှုန်း လျော့နည်းခဲ့ တယ်လို့ သိရပါတယ်။ှSource:VGP ,CMK