Main menu

Background

အိန္ဒိယပဲစိုက်ဧရိယာ ယခင်နှစ်ထက် ဟက်တာ ၃ ဒသမ ၃၆ သိန်းပိုမိုစိုက်ပျိုး မွန်ဘိုင်းဈေးကွက်တွင် မြန်မာမတ်ပဲဈေးတက် ပဲစင်းငုံအဝယ်နည်း၍ ဈေးကျ

Tue, 04/09/2013 - 16:01 -- ydnar

ယခုရက်ပိုင်းအတွင်း အိန္ဒိယ မွန်ဘိုင်းဈေးကွက်မှာ မြန်မာမတ်ပဲကို ဝယ်လိုအားများလာ တာကြောင့် ဈေး မြင့်တက်လာခဲ့ပြီး ပဲစင်းငုံနီကို ပဲခွဲစက် နှင့်ကုန်သည်များမှ အဝယ်နည်းနေ တာ ကြောင့် ဈေးကျ ဆင်းခဲ့ပါတယ်။

မွန်ဘိုင်းဆိပ်ကမ်းမှာ မြန်မာပဲ စင်းငုံ ကွန်တိန်နာ ၆၅ လုံး၊ ခွဲခြမ်း ၅ လုံး၊ မတ်ပဲ ၁၃ လုံး၊ ပဲတီစိမ်း ၂၁ လုံး၊ ပဲယင်း ၁ လုံး၊ မြေထောက်ပဲ ၁၇ လုံး၊ တန်ဇန်းနီးယား ပဲစင်းငုံ ၅၀ လုံး၊ အာဂျင်တီးနား ပဲတီစိမ်း ၄ လုံး၊ ကင်ညာပဲတီစိမ်း ၁၆ လုံး၊ တရုတ် မြေထောက်ပဲ ၂၅ လုံး၊ သြစတြေးလျ ကုလားပဲ ၂၀ လုံး၊ ပဲရာဇာ ၅ လုံး၊ ကနေဒါပဲရာဇာ ၇၀ လုံး ဝင်ရောက် လာခဲ့ပါတယ်။ ချန်နိုင်းဆိပ်ကမ်းမှာ မတ်ပဲကွန် တိန်နာ ၄၈၄ လုံး၊ ပဲစင်းငုံ ၂၁ လုံး၊ ပဲတီစိမ်း ၇၁ လုံး၊ ပဲဝါလေး ၁၄ လုံး၊ ပဲနီလေး ၇ လုံး၊ ပဲလုံးစိမ်း ၉ လုံး၊ ပဲလွန်း ၉ လုံး၊ ပဲလွန်းဖြူ ၁၅ လုံး ဝင်ရောက်လာခဲ့ပါတယ်။ စိုက်ပျိုးရေး ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ ဆောင်းပဲစိုက်ပျိုးမှုမှာ ၂၀၁၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၅ ရက်နေ့အထိ ဟက်တာ ၁၅၀ ဒသမ ၈၂ သိန်းရှိနေ ပြီး ယခင်နှစ်ကာလတူ စိုက်ဧရိယာ ၁၄၇ ဒသမ ၄၆ သိန်းထက် ဟက်တာ ၃ ဒသမ ၃၆ သိန်းပိုမိုစိုက်ပျိုးနိုင်ခဲ့ ပါတယ်။ ကုလားပဲစိုက်ပျိုးမှုမှာလည်း ဟက်တာ ၉၄ ဒသမ ၉၉ သိန်းရှိပြီး ယခင်နှစ် ကာလတူ စိုက်ဧရိယာ ၈၉ ဒသမ ၉၅ သိန်းထက် တိုးလာကြောင်း၊ ပဲမျိုးစုံအဝင်နည်းပြီး ဝယ်အားကောင်း လာလို့ ပဲဈေးများဆက်လက်ခိုင်မာဖွယ် ရှိကြောင်း သိရပါတယ်။ နှင်းဧကရီ - DTP