Main menu

Background

ဧပြီလဆန်း ပြည်ပဲဈေးကွက်မှာ ပဲစင်းငုံဈေးငြိမ်နေပေမဲ့ အခြားပဲများဈေးမြင့် အရောင်းအဝယ်ဖြစ်

Tue, 04/09/2013 - 16:07 -- ydnar

ပဲခူးတိုင်းဒေသကြီးပြည်ပဲဈေးကွက်မှာ ဧပြီလဆန်းပိုင်း အတွင်း မတ်ပဲ၊ ပဲကြီး၊ ပဲပုပ်၊ ထောပတ် ပဲဈေးများ ဈေးပြန်မြင့် လာခဲ့ပြီး၊ ပဲစင်းငုံသီးနှံတစ်မျိုးသာ ဈေးငြိမ်အရောင်း အဝယ် ဖြစ်လျက် ရှိနေတာကိုတွေ့ရ ပါတယ်။ မတ်ပဲသီးနှံမှာ ဈေးကွက် သို့ ပန်းတောင်း၊ ပေါင်းတ လည်၊ ပေါက်ခေါင်းမြို့နယ်များ မှ နေ့စဉ် အိတ် ၅၀၀ ကျော်အဝင်ရှိခဲ့ပြီး၊ ရန်ကုန်ဝယ်လက် ကလည်း ဈေးပိုပေးဝယ်ယူလာတဲ့အတွက် တစ်တင်း ၁၆၉၀၀ ကျပ်ထိ ဈေးပြန်မြင့် လာခဲ့ပါတယ်။ မတ်လကုန်မှာ တစ်တင်း ၁၆၁၁၀ ကျပ်သာ ရောင်းဝယ်မှုရှိတဲ့အတွက် ယခုတစ်ပတ်မှ ၁၀၀၀ ကျပ်နီးပါးဈေးပိုလာခဲ့ပါတယ်။

ပဲစင်းငုံသီးနှံမှာ ကံမ၊ ပန်းတောင်း၊ ပေါင်းတလည် မြို့နယ်များမှ အိတ် ၅၀ ခန့် ဝင်ရောက်ခဲ့ပြီး၊ ပဲလက်ကျန် များလည်း ဈေးကွက်အတွင်းရှိခဲ့တာကြောင့် ရန်ကုန်ဝယ်လက် အဝယ်ရှိတဲ့ရက်မှာ အိတ် ၃၀၀ ကျော်အထိ ဝယ်ယူမှုရှိခဲ့ ပါတယ်။ ပဲစင်းငုံဈေးမှာတစ်တင်း ၂၁၅၀၀ ကျပ်နဲ့ ဈေးငြိမ် အရောင်းအဝယ်ဖြစ်နေပါတယ်။ ယခုနှစ် ပဲစင်းငုံဈေးမှာ တစ်တင်း ၂ သောင်းအထက်ရရှိခဲ့တဲ့အတွက် ယခင်နှစ်ထက် ဈေးပိုရနေခဲ့တယ်လို့သိရပါတယ်။ ပဲကြီးဈေးနှုန်းမှာ ယခုဧပြီလဆန်းမှစလို့ ဈေးမြင့်လာတဲ့ အတွက် ရွှေကျွန်းတစ်တင်း ၂၇၀၀၀ ကျပ်၊ ကမ်းနားတစ် တင်း ၂၆၀၀၀ ကျပ်နဲ့ တစ်တင်း ၁၀၀၀ ကျပ်ခန့် ဈေးပိုရလာ ပါတယ်။ ပြည်၊ အောင်လံ ကြားမြို့နယ်များနဲ့ ပေါင်းတလည် ဖက်မှ အဝင်များပြီး လှောင်လက်သမားများမှ တစ်ရက်အိတ် ၂၀၀ ကျော်ဝယ်ယူ မှုရှိသလို ပဲလှော်ဖို လုပ်ငန်းသမားများ ကလည်း တစ်ရက်အိတ် ၄၀၀ ကျော်အထိ ဝယ်ယူကြတာ ကြောင့် ပဲကြီးဈေးကွက်မှာ ပဲဈေးမြင့်လာတယ်လို့သိရပါ တယ်။ ပဲပုပ်သီးနှံမှာလည်း ယခုဧပြီလဆန်းမှာ တစ်တင်း ၂၀၀၀ ကျပ်ထိ ဈေးမြင့်လာခဲ့တာကိုတွေ့ရပါတယ်။ ပဲပုပ်မှာ ဈေး ကွက်သို့ ပဲအဝင်မရှိဘဲ လက်ကျန်ပဲများသာ အရောင်းအဝယ် ဖြစ်ခဲ့ပါတယ်။ လက်လီသမားများ ပုံမှန်အဝယ်ရှိပြီး တစ်ရက် အိတ် ၂၀ ခန့် ဝယ်ယူမှုရှိခဲ့ပါတယ်။ ယခင်မတ်လကုန်ထိ တစ်တင်း ၁၈၀၀၀ ကျပ်နဲ့သာ ဈေးငြိမ်ရောင်းဝယ်ခဲ့ရာမှ ယခုတစ်ပတ်ဧပြီလဆန်းမှာ တစ်တင်း ၂၀၀၀၀ ကျပ်ဈေးဖြင့် အရောင်းအ ဝယ်ဖြစ်ခဲ့ပါတယ်။ ကုလားပဲသီးနှံမှာ ပန်းတောင်းမြို့နယ်မှ ပဲအဝင်အနည်း ငယ်ရှိပြီး၊ ပဲတစ်တင်း ၁၈၆၀၀ ကျပ်ဖြင့် ဈေးအပြောင်း အလဲသိပ်မရှိဘဲ ဒေသတွင်းလှောင်လက်သမားနဲ့ ပဲခွဲစက်သ မားများမှ ဝယ်ယူနေကြတဲ့အတွက် တစ်ရက်အိတ် ၄၀၀ ကျော်မှ ၅၀၀ အထိ အရောင်းအဝယ်ဖြစ်ခဲ့ပါတယ်။ ကုလားပဲ ဈေးမှာ ယခင်နှစ်ကတစ်တင်း ၁၇၈၀၀ ကျပ်နဲ့ ဧပြီလအတွင်း အရောင်းအဝယ်ဖြစ်ခဲ့တဲ့အတွက် ယခုနှစ်မှာလည်း ပဲဈေးမှာ သိသိသာသာ ဈေးမြင့်လာခဲ့ခြင်း မရှိတာကိုတွေ့ရပါတယ်။ခင်ဆွေဝင်း-ပြည်