Main menu

Background

အောင်ပန်းကုန်စည်ဒိုင်ဈေးကွက်မှာ နှစ်သစ်အကြို တူးပို့တေးသံသာနဲ့ သီးနှံဈေးများ ပြန်မာလာ

Tue, 04/09/2013 - 16:16 -- ydnar

ဧပြီလဆန်း ရှမ်းပြည်နယ်ရဲ့ အောင်ပန်းကုန်စည်ဒိုင်မှာ စားဖိုချောင်သုံးပစ္စည်းနဲ့ ဆီထွက်သီးနှံများ ဈေးငြိမ်ပြီး၊ ပုံမှန်အရောင်းအဝယ်ဖြစ်နေပေမယ့် ပဲပြောင်းသီးနှံများ ဈေးပြန်မာခဲ့သလို နှစ်သစ်ကူးသြင်္ကန်ပွဲတော်ကြီးကလည်း နီးလာလို့ နေ့စဉ် စည်ကားတိုးတက်အရောင်းအဝယ်သွက်လာကြောင်း သိရပါတယ်။

မတ်လကုန်က ပဲစင်းငုံ တစ်ပိဿာကို ၉၅၀ ကျပ်၊ ပဲရာဇာ တစ်ပိဿာကို ၁၂၀၀ ကျပ်နဲ့ အစေ့ထုတ်ပြောင်း တစ်ပိဿာကို ၃၈၀ ကျပ်ဈေးသာရှိခဲ့ရာက ဧပြီ ပထမပတ်အတွင်း ပဲစင်းငုံတစ်ပိဿာကို ၁၁၀၀ ကျပ်နဲ့ ၁၅၀ ကျပ်၊ ပဲရာဇာ တစ်ပိဿာကို ၁၂၅၀ ကျပ်နဲ့ ၅၀ ကျပ်၊ အစေ့ထုတ်ပြောင်း တစ်ပိဿာကို ၄၀၀ ကျပ်နဲ့ ၂၀ ကျပ် အသီးသီးဈေးမြင့်ခဲ့သလို ဧပြီ ၁ ရက်မှ ၄ ရက်အထိ ပဲစင်းငုံ ၁၃ တန်ပဲရာဇာ ၁၀ တန်နဲ့ အစေ့ထုတ်ပြောင်း ၄၀ တန်ခန့် အရောင်းအဝယ် ဖြစ်ခဲ့ကြောင်း သိရပါတယ်။                       မင်းအောင် - တောင်ကြီး