Main menu

Background

မန္တလေးမှာ ဈေးငြိမ်နဲ့ အရောင်းအဝယ်သွက်လက်လာတဲ့ V2 နဲ့ ထိုင်ဝမ်

Tue, 04/09/2013 - 16:20 -- ydnar

၂၀၁၃ ခုနှစ်၊ ဧပြီလ ပထမပတ်မှာ ကုလားပဲဖြူလုံးကြီးနဲ့ ကုလားပဲထိုင်ဝမ်ကို ရန်ကုန်ဝယ်လက်နဲ့ ဒေသတွင်း ပဲခွဲစက်များနဲ့ လှောင်လက်တွေကြောင့် အရောင်း အဝယ်သွက်လက်ကြောင်း သိရပါတယ်။ ယခုဖြစ်ပေါ်နေ တဲ့  ဈေးနှုန်းနဲ့ အရောင်း အဝယ်ဖြစ်မှု မျှတလျက်ရှိကြောင်း ပွဲစားကုန်သည်တစ်ဦးမှ ပြောပါတယ်။

ယခင်အပတ်မှာ ကုလားပဲဖြူကြီးတစ်ပိဿာ ၉၂၆ ကျပ်(တစ်တန် ၅၆၇၀၇၃ ကျပ်)နဲ့ နေ့စဉ် ၃ တင်းအိတ် ၆၀၀ မှ ၁၀၀၀ ကြား အရောင်းအဝယ်ဖြစ်ခဲ့ပြီး၊ ကုလားပဲထိုင်ဝမ် တစ်ပိဿာ ၉၂၄ ကျပ်(တစ်တန် ၅၆၅၈၄၈ ကျပ်)နဲ့ နေ့စဉ် ၃ တင်းအိတ် ၃၅၀ မှ ၇၀၀ ကြားအရောင်းအဝယ်ဖြစ်ခဲ့ပါတယ်။ ယခုအပတ်မှာလည်း ကုလားပဲ ဖြူကြီးနဲ့ ကုလားပဲထိုင်ဝမ် ဈေးပြောင်းလဲမှုမရှိပေမယ့် အရောင်းအဝယ် သွက်လာပါတယ်။ ကုလားပဲဖြူကြီးနေ့စဉ် ၇၀၀ အိတ်မှ ၁၂၀၀ အိတ်ကြား၊ ကုလား ပဲ ထိုင်ဝမ် ၅၀၀ အိတ်မှ ၁၀၀၀ အိတ်ကြား အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရပါတယ်။ သြင်္ကန်ကာလပြီးသွားရင် ပဲဈေးတက်နိုင်တဲ့ အခြေအနေရှိတာမို့ သြင်္ကန် မတိုင်မီ ပစ္စည်းရသလောက် ဝယ်ယူသိုလှောင်တဲ့ ကုန်သည်ကြီးများရှိသလို အိန္ဒိယ ဈေးကွက်အခြေအနေကိုကြည့်ပြီး၊ ရန်ကုန်ဝယ်လက်များက လည်း အဆွဲကောင်း ပါတယ်။ ဝယ်ရောင်းသမားများနဲ့ ပဲခွဲစက်သမားများက ပစ္စည်းများများဝယ် မြန်မြန် ရောင်းနဲ့ အရောင်းအဝယ်အဆင်ပြေလျက်ရှိပါတယ်။ ပစ္စည်းအဝင်ရှိသလောက် အရောင်းရှိကြောင်း၊ အိန္ဒိယဈေးကွက်သာမက စင်ကာပူကိုလည်း အရောင်းအ ဝယ်ပြုလုပ်နိုင်မှာမို့လို့ ရန်ကုန်ဝယ်လက်များ အဝယ်လိုက်ကြောင်း  ကုန်သည်ပွဲစား တစ်ဦးမှ ပြောကြားပါတယ်။                            စိုးအောင် - မန္တလေး