Main menu

Background

မတ်လမှာ ချင်းတင်ပို့မှုနည်း

Thu, 04/11/2013 - 10:14 -- ydnar

ပြည်ပကိုပင်လယ်ရေကြောင်းလမ်းမှမတ်လ ၂၄ ရက်မှ ၃၀ရက်အတွင်း ချင်း တင်ပို့မှုပျောက်ခဲ့ပါတယ်။ မတ်လပထမပတ်အတွင်းမှာသာ တင်ပို့မှုရှိခဲ့ပြီး သုံး ပတ် ဆက်တိုက်အပို့ပျောက်ခဲ့တယ်လို့ သိရပါတယ်။

လချုပ်အနေနဲ့ ကြည့်မယ်ဆိုရင် မတ်လအတွင်းချင်းတင်ပို့မှုက ၂၅ ဒသမ ၅ တန်ရှိခဲ့ပြီး ဖေဖော်ဝါရီလအတွင်း တင်ပို့မှုက တန်ချိန် ၄၃၉ တန်ရှိခဲ့တာကြောင့် မတ်လမှာ တင်ပို့မှုလျော့ခဲ့ပါတယ်။ မတ်လအတွင်း ချင်းတင်ပို့မှုမှရရှိခဲ့ တဲ့ ဝင်ငွေက ကန်ဒေါ်လာ ကိုးထောင်ကျော်သာရှိခဲ့တယ်လို့ သိရပါတယ်။   MIRT (DOT)