သီတင်းတစ်ပတ်ဖြစ်တဲ့ မတ်လ ၂၄ ရက်မှ ၃၀ ရက်အတွင်းမှာ မန်ကျည်း ၁၀၆၇ တန်ကို ပင်လယ်ရေကြောင်း ကုန်သွယ်မှုလမ်းမှ တင်ပို့ခဲ့ပါတယ်။ ဒီတစ်ပတ် မှာစင်ကာပူနိုင်ငံကို ၃၁၆ တန်နဲ့ ပါကစ္စတန်နိုင်ငံကို ၇၅၁ တန်တင်ပို့ခဲ့ ပါတယ်။ တင်ပို့မှုမှာ ပါကစ္စတန်နိုင်ငံကို အများဆုံး တင်ပို့ခဲ့တာတွေ့ရပါတယ်။ ယခင်သီတင်း ပတ်မန်ကျည်း တင်ပို့မှုက တန်ချိန် တစ်ထောင့်နှစ်ရာကျော် ရှိခဲ့တာကြောင့် ဒီတစ် ပတ်မှာ တန်ချိန် တစ်ရာ့ခုနှစ် ဆယ်ကျော် အပို့လျော့ခဲ့ပါတယ်။
လချုပ်အနေနဲ့ကြည့်မယ်ဆိုရင် မတ်လအတွင်းမန်ကျည်းတင်ပို့မှုက တန်ချိန် လေးထောင်ကျော်ရှိ ခဲ့ပြီး ဖေဖော်ဝါရီလတင်ပို့မှုက တန်ချိန် နှစ်ထောင့်ခြောက်ရာ ကျော်ရှိခဲ့တာကြောင့် မတ်လမှာ တန်ချိန် တစ်ထောင့်သုံး ရာကျော်အပို့သာရှိခဲ့ပါ တယ်။ ကာလတူကာလဖြစ်တဲ့ ၂၀၁၂ မတ်လမှာတော့ မန်ကျည်းတင်ပို့မှုတန်ချိန် က ရှစ်ထောင်ကျော်ရှိခဲ့တာကြောင့် ဒီနှစ်မှာ မန်ကျည်းတင်ပို့မှုက ယခင်နှစ်တင်ပို့ မှုထက် ထက်ဝက်ကျော်မျှေ လျာ့နည်းပြီးသာ တင်ပို့နိုင်ခဲ့ပါတယ်။ မတ်လအတွင်း မန်ကျည်းတင်ပို့မှုမှ ရရှိခဲ့တဲ့ဝင်ငွေက ကန်ဒေါ်လာ တစ်သိ န်းခြောက်သောင်းနီးပါး ရှိခဲ့တယ်လို့ သိရပါတယ်။ MIRT (DOT)