Main menu

Background

နနွင်းတန်ချိန် တစ်ရာ့ခုနှစ်ဆယ်ကျော် တင်ပို့နိုင်

Thu, 04/11/2013 - 10:21 -- ydnar

ပြည်ပကို ရေကြောင်းကုန်သွယ်မှုလမ်းမှ နနွင်း ၁၇၂ ဒသမ ၄ တန်ကို တင်ပို့ခဲ့ပါတယ်။ ဒီတစ်ပတ်မှာ တင်ပို့ခဲ့တဲ့ နိုင်ငံတွေက မလေးရှားနိုင်ငံနဲ့ ပါကစ္စတန်နိုင်ငံ ဖြစ်ပါတယ်။ အများဆုံးတင်ပို့နိုင်ခဲ့တဲ့ နိုင်ငံမှာ မလေးရှားနိုင်ငံဖြစ်ပါတယ်။ ယခင် သီတင်းပတ်မှာ နနွင်းတင်ပို့မှုပျောက်ခဲ့ပြီး ဒီတစ်ပတ်မှ သာ ပြန်လည်တင်ပို့နိုင်ခဲ့ခြင်း ဖြစ်ပါတယ်။ FOB ဈေးက တစ်တန်ကို ကန်ဒေါ်လာ သုံးရာ့ရှစ်ဆယ်ကျော်ရရှိခဲ့တယ်လို့ သိရပါတယ်။

လချုပ်အနေနဲ့ကြည့်မယ်ဆိုရင် မတ်လမှာ စုစုပေါင်း နနွင်းတင်ပို့ခဲ့တဲ့ တန်ချိန် က နှစ်ရာ့ခြောက်ဆယ်ကျော်ရှိခဲ့ပြီး ရရှိခဲ့တဲ့ဝင်ငွေက ကန်ဒေါ်လာ တစ်သိန်းကျော် ရရှိခဲ့ပါတယ်။ ဖေဖော်ဝါရီလအတွင်း နနွင်းတင်ပို့မှုမှာ တန်ချိန် သုံးရာ့ ကိုးဆယ်ကျော်ရှိခဲ့တာကြောင့် မတ်လတင်ပို့မှုမှာ တန်ချိန် တစ်ရာ့သုံးဆယ်ကျော်လျော့ နည်းခဲ့တယ်လို့ သိရပါတယ်။MIRT (DOT)