Main menu

Background

ဟိုပုံးနနွင်းဈေးကွက် နနွင်းပုံမှန်ဝင်

Thu, 04/11/2013 - 10:23 -- ydnar

ဟိုပုံးနနွင်းကတော့ ဈေးကွက်မှာ ပုံမှန်အဝင်ရှိနေ ပါတယ်။ နနွင်းသစ်တွေက ပေါ်ကာစမှာ(အစို)ဈေးက အတော်နိမ့်တာကြောင့် အစိုအတိုင်း အရောင်းအဝယ်သိပ် မဖြစ်လို့ ပြုတ်ခြောက်တွေပြုလုပ်ကြတာကြောင့် အခု ဈေးကွက်မှာ နနွင်းခြောက်တွေ လှိုင်လှိုင်ဝင်နေပါတယ်။ မတ်လကုန်လောက်က မူဆယ်ဝယ်လက်တွေ ဝယ်ခဲ့ပေမယ့် ဒီတစ်ပတ်တော့ အဝယ်နည်းသွားပါတယ်။ အရင်နှစ်ပတ် လောက်တော့ မူဆယ် ဝယ်လက်တွေက ပိဿာချိန် ၅ သောင်းခန့် ဝယ်ယူသွားတယ်လို့လည်း ဟိုပုံးနနွင်းပွဲရုံတွေက ဆိုပါတယ်။ ဒီနှစ်ကတော့ နနွင်းကို လှောင်လက်တွေက လည်း အများကြီးဝယ်ပြီး လှောင်ထားတာမျိုး မလုပ်တော့ဘဲ နနွင်းပွဲရုံတွေကသာ ကိုယ့်ပွဲရုံအတွက် ဝယ်ယူပြီး ကြိုက်ဈေး ရရင် ထုတ်ရောင်းနေကြပါတယ်။ ဟိုပုံးနနွင်းကတစ်ပိဿာ ၇၀၀ ကျပ် - ၇၂၀ ကျပ်ဈေးရှိပြီး၊ အရောင်းအဝယ်ဖြစ်ပေမယ့် အင်းလေးစကတော့ တစ်ပိဿာ ၆၀၀ ကျပ်ဈေးသာရှိပြီး၊ အရောင်းအဝယ်ကတော့ ပါးနေပါတယ်။

အောင်ပန်းဈေးကွက်မှာတော့ ရိုးရိုးနနွင်းက တစ်ပိဿာ ၈၀၀ ကျပ် - ၉၀၀ ကျပ်၊ ပင်လောင်းနနွင်းက ၆၀၀ ကျပ်နဲ့ ဆင်တောင်နနွင်းက ၁၁၀၀ ကျပ် - ၁၂၀၀ ကျပ်ဈေးရှိပါ တယ်။ တစ်ပတ်အတွင်း နနွင်းပိဿာချိန် ၁၁၂၀၀ ပိဿာချိန် အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့လည်း သိရပါတယ်။ဧဧခိုင် - တောင်ကြီး