Main menu

Background

တစ်ပတ်အတွင်း ရွှေဈေး ကျပ်ငါးထောင်ကျော် ကျဆင်း

Thu, 04/11/2013 - 10:29 -- ydnar

မြန်မာ့ရွှေဈေးသည် ယခုတစ် ပတ်အတွင်း ကျပ်ငါးထောင်ကျော် ကျ ဆင်းသွားကြောင်း သိရသည်။ ယခင် ရက်သတ္တပတ်အတွင်းကတည်းက ကျ ဆင်းလျက်ရှိသည့် မြန်မာ့ရွှေဈေးသည် ယခုတစ်ပတ်တွင်လည်းနေ့စဉ်အတက် အကျများဖြင့် အကျဖက်သို့သာ ဦး တည်နေခဲ့ကြောင်းသိရသည်။

ရွှေဈေးကျဆင်းနေမှုကြောင့် ရွှေ ဝယ်ရောင်းသမားများ ငြိမ်နေပြီး အထည်သမားများသာ အလုပ်ဖြစ်ခဲ့ ကြကြောင်း သိရသည်။ မြန်မာ့ရွှေဈေး သည် ကမ္ဘာ့ရွှေဈေးကျဆင်းမှုကြောင့်  ကျဆင်းခဲ့ရသည်ဟုဆိုသော်လည်း ရွှေ ဝယ်လိုအားများ ကျဆင်းနေမှုကြောင့် မြန်မာ့ရွှေဈေးနှုန်းများ ကျဆင်းနေရ ခြင်းဖြစ်ကြောင်း သိရသည်။"ဒီတစ်ပတ်ထဲမှာ မြန်မာ့ရွှေဈေး က အကျဖက်ကို ဦးတည်နေတယ်။ ရွှေဈေးကျနေတော့ အထည်သမား တွေပဲ အဝယ်လိုက်နေတာ။ အရင်က ၅ ယောက်ပဲလာဝယ်ရင် အခုဆို ၁၀ ယောက်လောက် တစ်နေ့ကို ဝယ်အား ရှိတယ်။ ဈေးကျတဲ့အချိန် စပါးပေါ်၊ ပဲပေါ်တဲ့အချိန်ဆိုတော့ အထည်သမား  တွေ ပိုပြီးအလုပ်ဖြစ်တာပေါ့။ ကမ္ဘာ့ ရွှေဈေးကလည်း အကျဖက်မှာပဲရှိနေ တာ။ တက်မယ်လို့ အတက်ပြပြီးမှ ပြန် ကျတာဆိုတော့ ရွှေဝယ်ေ ရာင်းသမား တွေ ငြိမ်နေကြတာပေါ့"ဟု ရွှေဘုံသာ လမ်းအတွင်းမှ ရွှေကုန်သည်တစ်ဦးက သုံးသပ်ပြခဲ့သည်။မြန်မာ့ရွှေဈေးသည် ဧပြီလ ၁ ရက်နေ့က ကျပ် ၇၄၂၅၀၀ ရှိခဲ့ပြီး ဧပြီ လ ၃ ရက်နေ့တွင် ၇၃၇၀၀၀ သို့ ကျဆင်းခဲ့သည်။ ဧပြီလ ၅ရက်နေ့တွင် ကျပ် ၇၃၇၀၀၀ ဖြစ်လာခဲ့သည်။ကမ္ဘာ့ရွှေဈေးသည်လည်း ဧပြီ လ ၁ ရက်နေ့က ၁၅၉၅ ဒေါ်လာရှိခဲ့ပြီး ဧပြီလ ၄ ရက်နေ့တွင် ၁၅၄၂ ဒေါ်လာ၊ ဧပြီလ ၅ ရက်နေ့တွင် ၁၅၅၁ ဒေါ်လာ သို့ ပြန်လည်မြင့်တက်ခဲ့သည်။"တောင်ကိုရီးယားနဲ့မြောက်ကိုရီး ယားရဲ့ အခြေအနေက ကမ္ဘာ့ရွှေဈေး ကျဆင်းနေတာကို ပိုပြီးကျသွားေ အာင် ထောက်ပံ့ပေးလိုက်သလိုပဲ။ အဲဒီနှစ် နိုင်ငံရဲ့ မတည်ငြိမ်မှုက ကမ္ဘာ့စီးပွားရေး ကို အထိအခိုက်ေ တွ ဖြစ်လာနိုင်တယ်။ ဒီ မှာကလည်း သြင်္ကန်နဲ့ဆိုတော့ ရွှေ ဈေးက တက်ဖို့ဆိုတာထက် အကျဖက် ကိုပဲ သွားဖို့များနေတယ်"ဟု ၎င်းက ထပ်မံသုံးသပ်ပြခဲ့သည်။မယ်သီတာ