Main menu

Background

ဘိလပ်မြေဈေးနှုန်းများ(8-4-13)

Thu, 04/11/2013 - 10:33 -- ydnar

အိန္ဒိယနဲ့ ထိုင်းနိုင်ငံမှ ဘိလပ်မြေများဝင် သီတင်းတစ်ပတ်ဖြစ်တဲ့ မတ်လ ၂၄ ရက်မှ ၃၀ ရက်အတွင်း ပင်လယ်ရေကြောင်းလမ်းမှ ကန်ဒေါ်လာ တစ်ဆယ့်ခုနှစ်သိန်းတန်ဖိုးရှိ ဘိလပ်မြေတန်ချိန် ၂၀၆၈၅ ကို တင်သွင်းခဲ့ပါတယ်။ ဒီတစ်ပတ်မှာ အိန္ဒိယနိုင်ငံမှ ဘိလပ်မြေ ၆၇၅၅ တန်နဲ့ ထိုင်းနိုင်ငံမှ တန်ချိန် ၁၃၉၁၀ တန်ကို တင်သွင်းခဲ့တယ်လို့ သိရပါတယ်။ ထိုင်းနိုင်ငံ မှတင်သွင်းလာတဲ့ ဘိလပ်မြေများမှာ မောင်းတိန်းဘိလပ်မြေ တန်ချိန် ၇၄၀၀၊ ဆင်တံဆိပ်ဘိလပ်မြေ ၂၁၀ တန်၊ စိန်တံဆိပ်ဘိလပ်မြေ တန်ချိန် ၄၄၀၀ နဲ့အခြား ဘိလပ်မြေတန်ချိန် ၁၉၀၀ တို့ဖြစ်ပါတယ်။ ယခင်သီတင်းပတ်ဘိလပ်မြေအဝင်က တန်ချိန် တစ်သောင်းငါးထောင်ကျော်ရှိခဲ့တာကြောင့် ဒီတစ်ပတ်မှာ တန်ချိန် ငါး ထောင်နီးပါးအဝင်ပိုခဲ့ပါတယ်။

လချုပ်အနေနဲ့ကြည့်မယ်ဆိုရင် မတ်လအတွင်း ဘိလပ်မြေအဝင်က တန်ချိန် ရှစ်သောင်းနှစ်ထောင်ကျော် ရှိခဲ့ပြီး ဖေဖော်ဝါရီလအတွင်း ဘိလပ်မြေအဝင်က တန်ချိန် တစ်သိန်းကျော်ရှိခဲ့တာကြောင့် မတ်လမှာ ဘိလပ်မြေတန်ချိန် တစ်သောင်း ခုနှစ်ထောင်ကျော်အဝင်လျော့ခဲ့တယ်လို့ ဆိုပါတယ်။         MIRT (DOT)
ရောင်းအားသွက်သွက်လေးနဲ့ ဈေးကွက်သွက်လာတဲ့ ဘိလပ်မြေယခုသီတင်းတစ်ပတ်တွင် ပြည်တွင်းကို ရေလမ်းမှ ဘိလပ်မြေတန်ချိန် နှစ်သောင်းကျော်နဲ့ နယ်စပ်လမ်းများမှ ဘိလပ်မြေတန်ချိန် သုံးထောင်ကျော်ဝင် လာခဲ့တယ်လို့ သိရပါတယ်။ ဒီတစ်ပတ် ဘိလပ်မြေအဝင်က ယခင်တစ်ပတ်နဲ့ ယှဉ်ရင် ရေလမ်းမှ ဘိလပ်မြေတန်ချိန် ငါးထောင်ကျော် အဝင်ပိုခဲ့ပေမဲ့၊ နယ်စပ်မှ ဘိလပ်မြေ တန်ချိန် ခြောက်ထောင်နီးပါး အဝင်လျော့ခဲ့တယ်လို့ သိရပါတယ်။ဒီတစ် ပတ်မှာလည်း ရန်ကုန်၊ ပဲခူး၊ မန္တလေး၊ တောင်ကြီး၊ မော်လမြိုင်မှာ အရောင်းသွက် တယ်လို့ သိရပါတယ်။ဒီတစ်ပတ် ဘိလပ်မြေဈေးကွက်အခြေအနေများမှာ- မန္တလေးဈေးကွက်မှာ ဘိလပ်မြေက ဒီတစ်ပတ်မှာ အရောင်းအဝယ် သွက်တယ်လို့ သိရပါတယ်။ ဈေးကွက်ထဲ ဘိလပ်မြေအဝင်နည်းတာကြောင့် ထိုင်းဘက်မှဝင်တဲ့ ဘိလပ်မြေ ခုနှစ်ရာကျပ်ဈေးမြင့်လာပါတယ်။ ဒါကြောင့်လည်း ပြည်တွင်းဖြစ် ဘိလပ်မြေများကလည်း ဈေးအနည်းငယ်မြင့်လာပါတယ်။ ဒီတစ်ပတ် ဈေးကွက်ထဲ အရောင်းအဝယ်ဖြစ်နေတဲ့ ဈေးမှာ အေသုံးလုံး ဘိလပ်မြေ ၅၆၀၀ ကျပ်၊ မြန်မာဆင်  ၅၂၀၀ ကျပ်၊ ဆင်မင်း(ကျောက်ဆည်) ၅၂၀၀ ကျပ်၊ ကျားခေါင်း ဘိလပ်မြေ ၅၁၀၀ ကျပ်၊ မြင်းခေါင်း ၄၉၀၀ ကျပ်၊ ဆင်(ယိုးဒယား) ၆၇၀၀ ကျပ်၊ စိန် (ယိုးဒယား) ၆၇၀၀ ကျပ်နဲ့ မန္တလေးဘုရားကြီးနားမှာရှိတဲ့ ဘိလပ်မြေ အရောင်း ဆိုင်မှ စုံစမ်းသိရှိခဲ့ပါတယ်။မော်လမြိုင် ဘိလပ်မြေဈေးကွက်မှာ ဘိလပ်မြေက ဒီတစ်ပတ်မှာ ရောင်း အားတက်တယ်လို့ သိရပါတယ်။ ပွင့်လင်းရာသီဆိုတော့ ရောင်းအားရှိတယ်။ဒီတစ်ပတ်ပစ္စည်းအဝင်နည်းသလို အဝယ်လည်း လိုက်လာတယ်။ ဒါကြောင့်ဈေးက တက်လာပါတယ်။ ကြံ့(မြိုင်ကလေး) ဆိုရင် ပစ္စည်းပြတ်သလောက်ဖြစ်နေပြီလို့ ပြောပါတယ်။ ဆင်နဲ့ ကြံ့ဈေးတက်လာပေမဲ့ မြင်းခေါင်းဘိလပ်မြေကတော့ ယခင် ဈေးနဲ့ဘဲ အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။ ဈေးကွက်ထဲ ဆင်(ထိုင်း) ဘိလပ်မြေကခြောက်ရာ့ငါးဆယ်ကျပ် ၊ ကြံ့(မြိုင်ကလေး) ဘိလပ်မြေ လေးရာကျပ် ဈေးမြင့်လာတယ်လို့ သိရပါတယ်။ ဈေးကွက်ထဲ  အရောင်းအဝယ်ဖြစ်တဲ့ဈေးက ဆင် (ထိုင်း) ဘိလပ်မြေ ၆၅၀၀ ကျပ်၊ မြင်းခေါင်းဘိလပ်မြေ ၄၁၀၀ ကျပ်၊ ကြံ့(မြိုင် ကလေး)ဘိလပ်မြေ ၅၅၀၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။ရန်ကုန်ဈေးကွက်မှာ ဘိလပ်မြေက အရောင်းအဝယ်သွက်တယ်လို့  သိရ ပါတယ်။ ဒီတစ်ပတ်မှာ ပစ္စည်းအဝင်ရှိတယ်။ ဒါကြောင့်လည်းဈေးက နည်းနည်း ကျလာပါတယ်။ ဒါပေမဲ့ဈေးကွက်ထဲမှာ စိန်ဘိလပ်မြေက ပစ္စည်းပြတ်နေတယ်။ တချို့ဆိုင်တွေမှာ ပစ္စည်းမရှိလို့ အဖွင့်ဈေးတောင်မရှိဘူးလို့ သိရပါတယ်။ ဈေးကွက်ထဲမှာ ဘိလပ်မြေဈေးက ခြောက်ရာဝန်းကျင်ကျလာပါတယ်။ ဒီတစ်ပတ် ဈေးကွက်အတွင်း အရောင်းအဝယ်ဖြစ်နေတဲ့ ဘိလပ်မြေဈေးနှုန်းတွေက ဆင် ဘိလပ်မြေ ၆၄၀၀ ကျပ်၊ စိန်ဘိလပ်မြေ ၆၃၀၀ ကျပ်၊ ကျောက်ဆူးဘိလပ်မြေ ၅၈၀၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်တယ်လို့ ဘုရင့်နောင်မှာရှိတဲ့ ဘိလပ်မြေ အရောင်းဆိုင်မှ စုံစမ်းသိရပါ တယ်။                     MIRT (DOT)