Main menu

Background

အိုကေ နို့ဆီတန်ချိန် နှစ်ရာ့ရှစ်ဆယ် ကျော်ဝင်

Thu, 04/11/2013 - 11:02 -- ydnar

ပြည်တွင်းကို ပင်လယ်ရေကြောင်း ကုန်သွယ်မှုလမ်းမှ မတ်လ ၂၄ ရက်မှ ၃၀ ရက်နေ့အတွင်း နို့ဆီ ကန်ဒေါ်လာ နှစ်သိန်းငါးသောင်းတန်ဖိုးရှိ အိုကေနို့ဆီ ၂၄၈ ဒသမ ၄၀ တန် ကို တင်သွင်းခဲ့ ပါတယ်။ ယခင်သီတင်းပတ်အဝင်က တန်ချိန် လေးရာကျော်ရှိခဲ့တာကြောင့် ဒီတစ်ပတ်မှာတန်ချိန်တစ်ရာ့ခြောက် ဆယ်အဝင် နည်းခဲ့ပါတယ်။

လချုပ်အနေနဲ့ ကြည့်မယ်ဆိုရင် မတ်လအတွင်း နို့ဆီအဝင်က တန်ချိန် တစ် ထောင့်သုံးရာကျော်ရှိခဲ့ပြီး ဖေဖော် ဝါရီလအတွင်း အဝင်က တန်ချိန် တစ် ထောင့် ခြောက်ရာကျော်ရှိခဲ့တာကြောင့် မတ်လမှာအဝင်နှစ်ရာ့ငါးဆယ်ကျော် အဝင် လျော့ခဲ့ပါတယ်။ ဒီတစ်ပတ်နို့မှုန့်အဝင်က နယူးဇီ လန်နိုင်ငံမှ တန်ချိန် ၄၉ ဒသမ ၀၉၂ တန်၊စင်ကာပူနိုင်ငံမှ ၆ ဒသမ ၇၉၅ တန် ဝင်လာခဲ့တယ်လို့ သိရပါတယ်။ ယခင် သီတင်းပတ်နို့မှုန့်အဝင်က တန်ချိန် နှစ် ရာကျော်ရှိခဲ့တာကြောင့် ဒီတစ်ပတ် မှာ တန်ချိန် တစ်ရာ့ခုနှစ်ဆယ်နီးပါး အဝင် ပျောက်ခဲ့တယ်လို့ သိရပါတယ်။ လချုပ်အနေနဲ့ကြည့်မယ်ဆိုရင် မတ်လမှာ နို့မှုန့်အဝင်တန်ချိန် သုံးရာ့ ရှစ်ဆယ် ကျော်ရှိခဲ့ပြီး ဖေဖော်ဝါရီလ အတွင်း နို့မှုန့်အဝင်က တန်ချိန် ငါးရာ့ တစ်ဆယ်ကျော်ရှိခဲ့တာကြောင့် မတ်လ မှာ နို့မှုန့်အဝင် လျော့နည်းခဲ့တယ်လို့ သိရပါတယ်။MIRT (DOT)