Main menu

Background

မတ်လအတွင်း နှမ်းတင်ပို့မှုလျှော့

Thu, 04/11/2013 - 11:05 -- ydnar

ပြည်ပကို ပင်လယ်ရေကြောင်း ကုန်သွယ်မှုလမ်းမှ နှမ်း ၅၉၃ ဒသမ ၉၈ တန်ကို တင်ပို့ခဲ့ပါတယ်။ ဒီတစ် ပတ်မှာ ဂျပန်နိုင်ငံကို တန်ချိန် ၁၂၀၊ မလေးရှားနိုင်ငံကို ၁၈၈ ဒသမ ၉၉ တန်၊ စင်ကာပူနိုင်ငံကို ၉၂ တန်၊ ထိုင်းနိုင်ငံကို ၈၄ ဒသမ ၉၉ တန်နဲ့ ကိုရီးယားနိုင်ငံကို ၁၀၈ တန် တင်ပို့ခဲ့တယ်လို့ သိရပါ တယ်။ ဒီတစ်ပတ်မှာ မလေးရှားနိုင်ငံကို အများဆုံး တင်ပို့ နိုင်ခဲ့ပါတယ်။ ယခင် သီတင်းပတ် နှမ်းတင်ပို့မှုက တန်ချိန် သုံးရာကျော် ရှိခဲ့တာကြောင့် ဒီတစ်ပတ် တင်ပို့မှုနဲ့ယှဉ်ရင် တန်ချိန်နှစ်ရာ့ခြောက် ဆယ်ကျော် တင်ပို့မှုပိုခဲ့ပါတယ်။ ရရှိခဲ့တဲ့ ဝင်ငွေက ကန်ဒေါ်လာ ရှစ်သိန်းကျော် ရှိခဲ့ပါတယ်။

လချုပ်အနေနဲ့ ကြည့်မယ်ဆိုရင် ဖေဖော်ဝါရီလအတွင်း နှမ်းတင်ပို့မှုက တန်ချိန် သုံးထောင်နီးပါးရှိခဲ့ပြီး မတ်လ အတွင်းတင်ပို့မှုမှာတန်ချိန် တစ်ထောင့် လေးရာနီးပါးရှိတာကြောင့် မတ်လမှာ တန်ချိန် တစ်ထောင့်ငါးရာကျော် အပို့ လျှော့ခဲ့ပါတယ်။ မတ်လအတွင်း နှမ်း တင်ပို့မှုမှ ရရှိခဲ့တဲ့ ဝင်ငွေက ကန်ဒေါ် လာ နှစ်ဆယ့်လေးသိန်းနီးပါး ရရှိခဲ့ပါ တယ်။ ၂၀၁၂-၁၃ ဘဏ္ဍာနှစ်အတွင်း စုစုပေါင်း နှမ်းတင်ပို့မှုမှာ တန်ချိန် လေး သောင်းကျော်ရှိခဲ့ပြီး ရရှိခဲ့တဲ့ ဝင်ငွေက ကန်ဒေါ်လာ ၇၀၈ ဒသမ ၆၄ သိန်း ကျော် ရရှိခဲ့တယ်လို့ သိရပါတယ်။MIRT - DTP