Main menu

Background

မူဆယ် ကူးသန်းရောင်းဝယ်ရေးစခန်းက ပို့တဲ့နှမ်းနီ

Thu, 04/11/2013 - 11:05 -- ydnar

မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင် ကူးသန်းရောင်းဝယ်ရေးဇုန်မှ မတ်လ ၂၇ ရက်မှ ဧပြီလ ၂ ရက်အတွင်း ကန်ဒေါ်လာ သုည ဒသမ ၅၉၂ သန်းတန်ဖိုးရှိတဲ့ နှမ်းရောင်စုံတန်ချိန် ၃၅၀ ကျော်တင်ပို့ခဲ့ပါတယ်။ တင်ပို့ခဲ့ တဲ့ နှမ်းရောင်စုံအမယ်တွေကတော့ နှမ်းနီ ၂၃၅ တန်၊ နှမ်းဖြူ ၇၅ တန်ကျော်နဲ့ နှမ်းနက်တန် ၄၀ နီးပါးဖြစ်ပါ တယ်။ ယခင် အပတ်က နှမ်းရောင်စုံ ၂၀၆ တန် ကျော်တင်ပို့ခဲ့တဲ့အတွက် ယခု အပတ်မှာ ၁၄၄ တန် ပိုမိုတင်ပို့လာ တာတွေ့ရပါတယ်။  စခန်းအသီးသီးမှ ၂၀၁၃ ခုနှစ် မတ်လ အတွင်းတင်ပို့ခဲ့တဲ့ နှမ်းရောင်စုံ တန်ချိန် ကတော့ ၄၃၁၃ တန်ကျော်ရှိပါတယ်။ ဖေဖော်ဝါရီလက ၂၉၇၀ တန်နီးပါးသာ တင်ပို့ခဲ့တာမို့ ယခုမတ်လမှာအနီးစပ်ဆုံး ဖေဖော် ဝါရီလ ထက်တန်ချိန် ၁၃၀၀ ကျော်ပိုမို ခဲ့ပါတယ်။ နှစ်ဖက်နိုင်ငံနှမ်းဈေးများကို ယခု အပတ်နဲ့ ယခင် အပတ် နှိုင်းယှဉ် ဖော်ပြ ပေးလိုက်ရပါတယ် -

 
မိမိဘက်(ကျပ်/တန်)                       တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)    ယခု             ယခင်      ပြောင်းလဲမှု    %      ယခု     ယခင်    ပြောင်းလဲမှု    %နှမ်းဖြူ      ၁၄၂၁၀၄၂    ၁၄၃၄၉၉၃      ၁၃၉၅၁      ၁     ၁၆၅၅    ၁၆၅၅             -          -နှမ်းနက်    ၁၅၅၉၉၃၁    ၁၅၇၅၂၄၅      ၁၅၃၁၄      ၁     ၁၈၁၆    ၁၈၁၆             -          -MIRT (DOBT)