Main menu

Background

စားအုန်းဆီဈေးသုံးလအတွင်း အနိမ့်ဆုံးကို ကျဆင်းတဲ့အတွက် အဝယ်ပြန်လိုက်

Thu, 04/11/2013 - 11:11 -- ydnar

ဇွန်လအတွက် ကြိုရောင်းကြိုဝယ်စာချုပ်ရဲ့ သတ်မှတ်ဈေးမှာ Malaysia  Derivatives  Exchange  အဝယ်ဒိုင်မှာ မက်ထရစ်တစ်တန်ကို ၂၃၇၂ ရင်းဂစ် (ဒေါ်လာ ၇၇၀)ရှိခဲ့ပြီး ကွာလာလမ်ပူမှာ ဧပြီ ၂ ရက်က တစ်တန်ကို ၂၃၅၈ ရင်းဂစ်နှုန်းရှိခဲ့ပါတယ်။ ကြိုရောင်းကြိုဝယ်ဈေးဟာ ဒီဇင်ဘာလ ၂၀ ရက်နောက်ပိုင်း အနိမ့်ဆုံးကို ရောက်ရှိခဲ့ ပါတယ်။ ဈေးနှုန်းများဟာ ပထမသုံးလအတွင်း ၂ ဒသမ ၅ ရာခိုင်နှုန်းကျဆင်းခဲ့ရာ ၁၉၉၉ ခုနှစ်နောက်ပိုင်း ကျဆင်းမှုအဆိုးဆုံးဖြစ်ခဲ့ပါတယ်။

"ကျွန်တော်တို့ရတဲ့ဈေးနှုန်းကတစ်တန်ကို ရင်းဂစ် ၂၃၄၀ ဆိုရင် ဒါက ထူးထူးခြားခြားအနိမ့်ဆုံးကျဆင်း တာပါ။ ဒီအဆင့်မှာ အောက်ဈေးနဲ့ ဝယ်တာ တွေများလာတတ်ပါတယ် " လို့ OSK  Investment  Bank   မှ ဒုတိယ ဥက္ကဋ္ဌ ရန်းလောင်းက ကွာလာလမ်ပူမှ ပြောပါတယ်။ ယခုလထဲမှာ ထုတ်လုပ်မှုပြန် တက်မှာဖြစ်လို့ ဈေးအတက်ရပ် သွားနိုင်ပါတယ်။ ယခင်တစ်လအကြာကနဲ့နှိုင်းယှဉ်ပါက မလေးရှားနိုင်ငံမှ တင်ပို့မှုဟာ ၂ ဒသမ ၈ ရာခိုင်နှုန်း မြင့်တက်ကာ တန် ၁ ဒသမ ၃၆ သန်းထိ မြင့်တက်လာကြောင်း စစ်တမ်းကောက်ယူရေးအေဂျင်စီ Intertek  က ဧပြီ ၁ ရက်ကပြောပါတယ်။ မေလအတွက် ပဲပုပ်ဆီတင်ပို့မှုဟာ သုည ဒသမ ၂ ရာခိုင်နှုန်းကျဆင်းပြီး၊ ချီကာကိုကူးသန်းရောင်းဝယ်ရေး ဘုတ်အဖွဲ့မှ တစ်ပေါင်ကို ၄၉ ဒသမ ၉၅ ဆင့်ရှိခဲ့ပါတယ်။ ဒါလီယံကုန်စည်ဒိုင်မှာ သန့်စင်ပြီး စားအုန်းဆီဈေးဟာ သုည ဒသမ ၈ ရာခိုင်နှုန်းမြင့်တက်ပြီး၊ တစ်တန်ကို ၆၁၇၀ ယွမ်(၉၉၅ ဒေါ်လာ)နှုန်းရှိခဲ့ ပါတယ်။ ပဲပုပ်ဆီဈေးမှာ သုည ဒသမ ၄ ရာခိုင်နှုန်းမြင့်တက်ပြီး၊ တစ်တန်ကို ၇၈၄၂ ယွမ်နှုန်းရှိခဲ့တယ်လို့  bloomberg.com  မှာ ဖော်ပြထားပါတယ်။UNT