Main menu

Background

သြင်္ကန်အခါနား နီး၍ ပြည်ကုန်စည်ဒိုင်မှာ မြေပဲသီးနှံ အရောင်းအဝယ်ပုံမှန် ဖြစ်သလို နှမ်းလက်ကျန်အနည်းငယ်ကြောင့် ဆီစက် သမားများ ပုံမှန်လည်ပတ်လျက်ရှိ

Thu, 04/11/2013 - 11:08 -- ydnar

ပြည် ကုန်စည်ဒိုင်မှာ မတ်လ တတိယပတ်အထိ နှမ်းအရောင်းအ ဝယ်ဖြစ်ခဲ့ပြီး၊ မတ်လနောက်ဆုံးပတ်မှ စပြီး၊ ယခုနှစ်လဆန်းအထိ နှမ်းလက် ကျန်မရှိဘဲ အရောင်းအဝယ် ပါးနေပါ တယ်။ ဆီစက်သမားများက မိမိတို့ လှောင်ထားတဲ့  နှမ်းတွေကို ထုတ်ပြီး ဆီကြိတ်ကြလို့ နှမ်းဆီဈေးမှာလည်း တစ်ပိဿာ ၄၀၀၀ ကျပ်ကျော်ထိရှိပါ တယ်။ နှမ်းအဝင်အထွက် မရှိပေမယ့် နှမ်းလက်ကျန်များနဲ့ ဆီစက်များလည် ပတ်နေပါတယ်။ မတ်လဆန်းကစပြီး၊ တတိယပတ်အထိ နှမ်းနက်တစ်တင်းကို ၄၀၀၀၀ ကျပ်နဲ့ နှမ်းနီတစ်တင်း ၃၄၂၀၀ ကျပ်ထိရှိခဲ့ပြီး၊ နောက်ဆုံးပတ် က စပြီး ဧပြီပထမပတ်ထိ ဈေးမရှိတာ တွေ့ရပါတယ်။

မြေပဲဆန်ကိုလည်း မင်းတုံးနဲ့ ကံမ ဘက်မှ တစ်နေ့ အိတ် ၄၀၀-၅၀၀ ခန့် ဝင်ရောက်ပြီး၊ ရန်ကုန်ဆီစက်နဲ့ ပြည်ဆီ စက်များက အခါနားနီးလို့ အဝယ်ရှိတာ ကြောင့် အရောင်းအဝယ်ဖြစ်နေပါ တယ်။ မြေပဲ ဆန်ဈေး မတ်လမှာ ဆီဆန်တစ်ပိဿာ ၁၈၀၀ ကျပ်နဲ့ လုံး ဆန်တစ်ပိဿာ ၂၀၀၀ ကျပ်ဈေးဖြစ် ခဲ့ပြီး၊ ယခုဧပြီပထမပတ်မှာ ဆီဆန်ဈေး တစ်ပိဿာ ၁၆၀၀ ကျပ်နဲ့ လုံးဆန် တစ် ပိဿာ ၁၈၀၀ ကျပ်ဈေးနဲ့ ဈေးအနည်း ငယ်ပြန်အေးသွားပါ တယ်။ ဈေးအေး ပေမယ့် အရောင်းအဝယ်မှာ နေ့စဉ်ဝင် သလောက် အရောင်းအဝယ်ဖြစ် တာ တွေ့ရပါတယ်။   ဝေေ၀မင်း - ပြည်