ဘုရင့်နောင်ဈေးကွက်မှာ ဒီတစ်ပတ် မတ်ပဲ (RC) နဲ့ ပဲစင်း ငုံနီ (RC) ကို အိန္ဒိယအဆွဲပြန်လိုက်လာသလို ပြည်တွင်းခွဲစက်တွေ လည်း ပုံမှန်ဝယ်အားရှိလို့ ယခင်အပတ်နဲ့စာရင် ဈေးမြင့်လာတယ်လို့ ဈေးကွက်အတွင်းမှသိရပါတယ်။ ဒီတစ်ပတ်မတ်ပဲ (RC) ကို အိန္ဒိယ မွန်ဘိုင်းစေးျကွက်က ဝယ်လိုအားပြန်လိုက်လာလို့ မတ်ပဲက ယခင် အပတ်နဲ့စာရင် တစ်တန်ကို ၁၀၀၀၀ ကျပ်ခန့်ဈေးမြင့်သွားတယ်လို့ ပဲကုန်သည်တစ်ဦးက ဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှုက မတ်ပဲ (RC) တစ်တန်ကို ၅၂၉၀၀၀ ကျပ်ဈေးနဲ့ ဒိုင်ပြင်ပဈေးကွက်မှာ နေ့စဉ်အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင်ယခင် အပတ်က တစ်တန်ကို ၆၅၇၀၀၀ ကျပ်ဈေးနဲ့ အရောင်းအဝယ်ဖြစ်မှု နည်းခဲ့တဲ့ ပဲစင်းငုံနီ (RC) က ဒီတစ်ပတ်မှာ အိတ်စပို့အဆွဲပြန်လိုက် လာသလ့ို ဈေးမြင့်လာပြီး တစ်တန်ကို ၆၇၀၀၀၀ ကျပ်ဈေးနဲ့ ဈေး ကွက်မှာအရောင်းအဝယ်ဖြစ်မှုများခဲ့တယ်လို့ သိရပါတယ်။
Background